ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှုဖြင့် တိမ်းရှောင်နေသည့် မက္ကဆီကိုမြို့ဝန်ကို ဖမ်းမိ

ဓာတ်ပုံ - ရိုက်တာ
မက္ကဆီကိုနိုင်ငံမှာ ကျောင်းသား ၄၃ ဦး ပျောက်ဆုံးခဲ့ပြီးနောက်ပိုင်း တိမ်းရှောင်နေတဲ့ မြို့ဝန်ကို နိုဝင်ဘာ ၄ ရက်နေ့က မက္ကဆီကိုစီးတီးမြို့တော်မှာ ထိန်းသိမ်းလိုက်ပါတယ်။ [caption id="attachment_69878" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ကျောင်းသားတွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး အဓိကအကျဆုံးပုဂ္ဂိုလ်ကို ဖမ်းဆီးရမိတာလည်း ဖြစ်ပါတယ်။ မြို့ဝန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ကျောင်းသားတွေ မပျောက်ဆုံးခင် ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို ဖြိုခွင်းဖို့ အမိန့်ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး ၅၃ ဦး ရှိသွားပြီဖြစ်ပါတယ်။ ကျောင်းသား မိဘတွေကတော့ မြို့တော်ဝန်နဲ့ ဇနီးမှာ ကျောင်းသားတွေပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အချက်အလက်တွေ ရှိကိုရှိရမယ်လို့ ပြောဆိုကြပါတယ်။ ကျောင်းသားမိဘတွေ နိုဝင်ဘာလ ၄ ရက်နေ့က မက္ကဆီကိုမြို့တော်ကို ချီတက်ပြီး ကျောင်းသားတွေ ပျောက်ဆုံးမှုကို အခုထက်ပိုပြီး ဆောင်ရွက်ဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ကျောင်းသားတွေကို ဒေသခံရဲတွေက ဘာလုပ်လိုက်လဲ၊ အသက်ရှင်လျက်ပဲ ခေါ်ဆောင်သွားကြတာလားဆိုတာ ကျောင်းသားမိဘတွေက အမြန်ဆုံး သိချင်နေကြပါတယ်။

More News
Up