အာဆင်နယ် တိုက်စစ်မှူး ဝေါလ်ကော့ စာချုပ်သစ်ကိစ္စ ဆွေးနွေး
Published By
DVB | 5 November, 2014
1.8K
0
Share
0
Comment
0
Likes

အာဆင်နယ် တိုက်စစ်မှူး ဝေါလ်ကော့ဟာ ဒဏ်ရာပျောက်ကင်းပြီး ပြန်လည်ကစား နိုင်ခဲ့ပြီးနောက်မှာ စာချုပ်သစ် ချုပ်ဆိုဖို့ အသင်းနဲ့ ဆွေးနွေးနေပါတယ်။
သူ့ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၁၅-၁၆ ရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး အသင်းအနေနဲ့ အင်္ဂလန်လက်ရွေးစင်လည်းဖြစ်တဲ့ သူ့ကို ဆက်လက်ထားလိုတဲ့ ဆန္ဒလည်း ရှိနေပါတယ်။
သူဟာ ဒူးဒဏ်ရာကြောင့် ၁၀ လလောက် အနားယူခဲ့ရပြီး နိုဝင်ဘာ ၁ ရက်နေ့ ဘန်လေကို နိုင်ခဲ့ တဲ့ပွဲမှာမှ ပြန်ကစားနိုင်ခဲ့တာပါ။
ဝေါလ်ကော့ဟာ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီက တပတ်လုပ်ခ ပေါင် ၉ သောင်း နဲ့  ၃ နှစ်ခွဲ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာပါ။ အခုတခေါက်တိုးဖြစ်ရင်တော့ ဒုတိယမြောက် သက်တမ်းတိုး စာချုပ် ဖြစ်လာမှာပါ။