ဘတ်ကီနာ ဖူဆိုနိုင်ငံ စစ်တပ်ကို အရပ်သားအုပ်ချုပ်ရေး ပြန်လွှဲပြောင်းပေးရန် တောင်းဆို

ဓာတ်ပုံ - AFP
အာဖရိကနိုင်ငံများအဖွဲ့ချုပ်က လတ်တလောဆူပူမှုတွေဖြစ်ပွားနေတဲ့ ဘတ်ကီနာဖူဆို နိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေးကို ၂ ပတ်အတွင်း ပြန်လွှဲပြောင်းပေးဖို့ နိုဝင်ဘာလ ၃ ရက်နေ့က ဘတ်ကီနာဖူဆို စစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။ [caption id="attachment_69827" align="alignright" width="373"]ဓာတ်ပုံ - AFP ဓာတ်ပုံ - AFP[/caption] အီသီယိုးပီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဘတ်ကီနာဖူဆိုနိုင်ငံအရေး ဆွေးနွေးပွဲမှာ အဖွဲ့ချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌက အခုလို တိုက်တွန်းခဲ့တာပါ။ အပြည့်အ၀ လိုက်နာဆောင်ရွက်ခြင်း မရှိရင် ဘတ်ကီနာဖူဆိုနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမယ်လို့လည်း ပြောဆိုပါတယ်။ ကြားဖြတ်အစိုးရ သမ္မတအဖြစ် အာဏာရယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး Isaac Zida ကတော့ လက်ရှိစစ်အစိုးရက အာဏာကို အမြဲချုပ်ကိုင်ထားဖို့ မဟုတ်ပဲ အရပ်သားအစိုးရကို လွှဲပြောင်း ပေးအပ်မယ်လို့ နိုဝင်ဘာလ ၄ ရက်နေ့က ပြောဆိုပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ လွှဲပြောင်းပေးအပ်မယ်ဆိုတာကိုတော့ အတိအကျ မပြောဆိုပါဘူး။ နိုင်ငံအခြေခံဥပဒေအရ သမ္မတရာထူးက နုတ်ထွက်ရင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တိုင်းပြည် အာဏာဆက်ရယူရမှာဖြစ်ပေမယ့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ အပါအ၀င် အစိုးရ အဆင့်မြင့် ခေါင်းဆောင်တွေ ထွက်ပြေးသွားကြပြီလို့ သတင်းတွေက ဆိုပါတယ်။ အခုတခါနဲ့ပါဆိုရင် ၁၉၆၀  ပြင်သစ်နိုင်ငံက လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း စစ်တပ်က တိုင်းပြည်အာဏာရယူတာ ၇ ကြိမ် ရှိပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up