ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီလောင်းစာရင်း ယနေ့ ထုတ်ပြန်မည်
DVB
·
November 4, 2014
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်အတွက် ကော်မတီလောင်း စာရင်းကို နိုဝင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။
စာရင်းပေးသွင်းသူ ၅၀၃ ယောက်ရှိပြီး အဲဒီထဲမှာ အမျိုးသမီး ၃၀ ကျော် ပါဝင်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ မဲပေးနိုင်သူ ဦးရေ ၄ သိန်းဝန်းကျင်ရှိပြီး အချောသတ် စာရင်းကတော့ မရရှိသေးပါဘူး။
တိုင်းအဆင့် စည်ပင်ကော်မတီ ၉ ဦးမှာ မြို့တော်ဝန်ကို သမ္မတက ခန့်ထားမှာ ဖြစ်ပြီး အစိုးရအဖွဲ့က ၄ ယောက် ခန့်ထားမှာ ဖြစ်ပါတယ်။ ကျန် ၄ ယောက်ကိုတော့ ပြည်သူက မဲပေးရွေးချယ်ရမှာ ဖြစ်ပါတယ်။
ခရိုင်နဲ့ မြို့နယ်အဆင့် အဆင့်မှာတော့ ကော်မတီ ၅ ယောက်မှာတော့ ၃ ယောက်ကို ပြည်သူတွေက ရွေးကောက်ရမှာပါ။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။