Live
Home
အနုပညာ
မြန်မာရုပ်သေးအဖွဲ့ နိုင်ငံတကာရုပ်သေးပွဲတော် ၀င်ရောက်ယှဉ်ပြိုင်
DVB
·
November 4, 2014
မြန်မာနိုင်ငံက ထွေးဦးမြန်မာရုပ်သေးအဖွဲ့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ရုပ်သေးပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်နေပါတယ်။ 1969197_930351596979854_6925369086306663120_nစာလာ ချလမ်ခရွမ်တော်ဝင်ဇာတ်ရုံမှာ နိုဝင်ဘာလ ၂ ရက်နေ့ ည ၈ နာရီက ကပြ ယှဉ်ပြိုင်တဲ့ ပွဲကို နိုင်ငံတကာက အကဲဖြတ်အမှတ်ပေးဒိုင်တွေ၊ ရုပ်သေးပညာရှင်တွေ၊ ကမ္ဘာလှည့် ခရီးသည်တွေ၊ ဘာသာရပ်ဆိုင်ရာ နိုင်ငံတကာ တက္ကသိုလ်ကျောင်းသားတွေ၊ ထိုင်းနိုင်ငံမှာ အခြေချ နေထိုင်ကြတဲ့ မြန်မာနိုင်ငံက အဆက်အနွယ်တွေ လာရောက် ကြည့်ရှု အားပေးကြ ပါတယ်။ ဘန်ကောက်မြို့လယ်က နေရာပေါင်း ၁၃ နေရာမှာ တပြိုင်တည်း ကျင်းပယှဉ်ပြိုင်နေတဲ့ ဒီပွဲမှာ မြန်မာရုပ်သေးအဖွဲ့ဟာ အီရန်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံက ရုပ်သေးအဖွဲ့တွေနဲ့အတူ တော်ဝင် ဇာတ်ရုံမှာ ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ထွေးဦးမြန်မာရုပ်သေးအဖွဲ့က ပွဲမကခင်မှာ ပရိသတ်ကို မြန်မာနိုင်ငံတွင်း ရုပ်သေးကပြပုံ ဓလေ့ကို ရှင်းပြပါတယ်။ ဟာမိုနီဝေါလ်လို့ နာမည်ပေးထားတဲ့ နိုင်ငံတကာ ရုပ်သေးပွဲတော်ကို နိုင်ငံပေါင်း ၇၀ ကျော်က ရုပ်သေးအဖွဲ့ပေါင်း ၁၆၀ ကျော် ပါဝင်ယှဉ်ပြိုင်နေတာပါ။ နိုဝင်ဘာ ၁ ရက်နေ့က ဖွင့်ပွဲစတင်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပွဲတော်ပြီးစီးမှာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024