ဗြိတိန်အကူအညီ အလှူငွေများ နိုင်ငံရပ်ခြား အကျင့်ပျက်ခြစားမှုကို အထောက်အပံ့ဖြစ်

နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ ဖြစ်ပွားနေတဲ့ အကျင့်ပျက်ခြစားမှုမှာ ဗြိတိန်နိုင်ငံ အခွန်ထမ်းတွေရဲ့ ငွေကြေးတွေက အထောက်အပံ့ဖြစ် နေတယ်လို့ တရားဝင် စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ dfid_2143098bနီပေါနိုင်ငံက ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတခုမှာ ချေးငွေရရှိဖို့ လူတွေကို အထောက်အထား အတုတွေ လုပ်ဖို့ အားပေးနေသလို ဗြိတိန် အကူအညီနဲ့ ဆက်နွယ်နေတဲ့ နိုက်ဂျီးယားက ရဲတပ်ဖွဲ့တွေကလည်း လာဘ်ငွေ တောင်းဆိုတာတွေ ရှိခဲ့တယ်လို့ အကူအညီပေးရေး အကျိုးသက်ရောက်မှု အပေါ် စုံစမ်းစစ်ဆေးတဲ့ လွတ်လပ်တဲ့ ကော်မရှင် (ICAI)က ပြောပါတယ်။ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ဌာန (DFID)က သူရဲ့ မထိခိုက်စေရမူဝါဒကို ပထမဆုံး ချိုးဖောက်တာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အီသီယိုးပီးယားနိုင်ငံ လုံခြုံရေး တပ်ဖွဲ့က သတ်ဖြတ် နှိပ်စက် မုဒိန်းကျင့်တာတွေကို ကျူးလွန်နေ ပေမယ့် ဗြိတိန်က ပေါင် ၁ ဘီလီယံ ထောက်ပံ့တယ်ဆိုတဲ့ စည်းရုံးလှုပ်ရှားသူတွေ ပြောဆိုခဲ့အပြီး အခုလို ထုတ်ပြန်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ "အစီအစဉ်ရဲ့ အပျက်သဘောဆောင်တဲ့ သက်ရောက်မှုကိုကျနော်တို့ တွေ့ခဲ့ရတယ်။ အစိုးရရဲ့ စနစ်ကြောင့် ဆင်းရဲသားတွေဟာ လာဘ်ငွေပေးရပြီး အကျင့်ပျက်ခြစားတာရဲ့သားကောင်တွေ ဖြစ်လာရပါတယ်၊ အစီအစဉ်ကတော့ တစုံတရာ ဖြေရှင်းပေးတာ မရှိပါဘူး” လို့ အစီရင်ခံစာက ရေးသားထားပါတယ်။ ဆင်းရဲသားတွေအတွက် အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေကို အလှူရှင်တွေက သိသလားဆိုပြီးတော့လည်း မေးခွန်းထုတ်ထားပါတယ်။ “အကျင့်ပျက်ခြစားတာကို DFIDက တိုက်ခိုက်တာ အောင်မြင်တယ်ဆိုတာကတော့ အထောက် အထား အနည်းငယ်ပဲရထားသေးတယ်”လို့ ICAI ကော်မရှင်အကြီးအကဲ ဂရေဟမ်ဝဒ်က ပြောပါ တယ်။ DFIDကတော့ နီပေါစီမံကိန်းနဲ့ နိုက်ဂျီးယားနိုင်ငံနဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေကို ငြင်းပယ်လိုက်ပြီး လူထုအတွက် အပြုသဘော ဆောင်တဲ့ သက်ရောက်မှုရှိတယ်လို့ ပြောပါတယ်။ အရင်နှစ်က ဗြိတိန် နိုင်ငံခြား အကူအညီပေးရေးက ၂၈ ရာခိုင်နှုန်းနီးပါး မြင့်တင့်လာခဲ့ပြီး ဂျီဒီပီရဲ့ ၀.၇ ရာခိုင်နှုန်းကို အသုံးပြုနေတာ ဖြစ်ပါတယ်။ တနှစ်ကို ပေါင် ၁၂ ဘီလီယံနီးပါး အသုံးပြု နေတဲ့ ဗြိတိန်ရဲ့ ကူညီပံ့ပိုးမှုတွေဟာ ဥရောပက တခြားတိုင်းပြည်တွေထက် ပိုတယ်လို့  စာရင်းဇယား တွေက ဖော်ပြ နေပါတယ်။ ဗြိတိန်နိုင်ငံပြီးရင်တော့ ကမ္ဘာမှာ အလှူငွေအများဆုံး ထောက်ပံ့ကူညီနေတဲ့ နိုင်ငံကတော့ အမေရိကန် ပြည်ထောင်စုပဲဖြစ်ပါတယ်။

More News
Up