နိုဝင်ဘာ ၃ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
November 3, 2014
နိုဝင်ဘာ ၃ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၀၀၅ ကျပ်၊ ၁ ယူရိုငွေကို ၁၂၅၃ ဒသမ ၈၉ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၀၃ ဒသမ ၉၈ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၇၈၀ ဒသမ ၈၂ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၀ ဒသမ ၈၂ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
အကယ်ဒမီရွှေဈေးကတော့ ၀ယ်ဈေး ၆၄၃၂၀၀ ကျပ် ဖြစ်ပြီး ရောင်းဈေးက ၁၀၀၀ ကျပ်တိတိ ပိုပါတယ်။
ဒီကနေ့ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁၁၆၈ ဒသမ ၄ ဈေးပေါက်ပါတယ်။