ရီရဲလ်တိုက်စစ်မှူး ဘေးလ် လေ့ကျင့်ရေး ပြန်ဆင်း
Published By
DVB | 3 November, 2014
890
0
Share
0
Comment
0
Likes

ဒဏ်ရာကြောင့် နားနေရတဲ့ ရီရဲလ်မက်ဒရစ် တိုက်စစ်မှူး ဂါရတ် ဘေးလ်ဟာ အသင်းနဲ့ အတူ အောက်တိုဘာလ ၂ ရက်နေ့မှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ပြီ ဖြစ်ပါတယ်။
လက်ရွေးစင် တိုက်စစ်မှူး ဘေးလ် ဟာ ဒဏ်ရာကြောင့် ရီရဲလ်အသင်း နောက်ဆုံး ကစားတဲ့ ၅ ပွဲမှာ ပါဝင်နိုင်ခြင်း မရှိပါဘူး။
ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမား ဖြစ်တဲ့ ဘေးလ်ဟာ ရီရဲလ်က လီဗာပူးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ ပွဲမှာလည်း ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
လေ့ကျင့်ရေး ပြန်ဆင်းနိုင်တဲ့အတွက် လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်မယ့် လီဗာပူးနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ပါဝင်ကစားဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။