ပါကစ္စတန်-အိန္ဒိယနယ်စပ်တွင် အသေခံဗုံးခွဲမှု ၄၈ ဦး သေဆုံး

ပါကစ္စတန်နဲ့ အိန္ဒိယနယ်စပ် ဝါဂါနယ်ခြားစခန်းကနေ မီတာ ၅၀၀ အကွာ ပါကစ္စတန်ရှိ လာဟိုးမြို့မှာ နိုဝင်ဘာလ ၂ ရက်နေ့က အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူ အရေအတွက် ၄၈ ယောက်ထိရှိပြီလို့ အကြီးတန်းရဲအရာရှိ အူစမန်က ပြောပါတယ်။ pakistanဒဏ်ရာရသူတွေကို ဆေးရုံအသီးသီးကိုတင်ပို့ထားတယ်။ အသည်းအသန်အခြေ အနေ လူနာတွေ ရှိလို့ သေဆုံးသူအရေအတွက် ပိုတိုးလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ ပါကစ္စတန် တာလီဘန်တွေက ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ရပ်အဖြစ်တာဝန်ခံ ခဲ့ပါတယ်။ ဒုရဲမင်းကြီး ဟိုင်ဒါ အက်ရှ်ရဲ့ဖ်ကတော့ ဒဏ်ရာရသူ အယောက် ၆၀ လောက်ရှိပြီး အခင်းဖြစ်ရာနေရာကို လုံခြုံအောင် လုပ်နေတယ် အလောင်းတွေကိုတော့ ဆွေမျိုးတွေဆီ လွှဲပေးနေပြီ။ ပါကစ္စတန်စစ်တပ်က အာဖဂန်နစ္စတန် နယ်စပ်က အစ်စလာမစ် စစ်သွေးကြွတွေကို စစ်ဆင်မှုအတွက် တုံ့ပြန်တာလို့ အကြီးတန်း စစ်ဦးစီးမှူးတယောက်က ပြောပါတယ်။ တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေဆဲလို့ ပါကစ္စတန် ရဲတွေက ပြောပါတယ်။ ဝါဂါနယ်စပ်ကို ရာနဲ့ ချီတဲ့လူတွေ နေ့စဉ် လာရောက်လေ့ရှိတာပါ။ နေမဝင်ခင်က ၂ နိုင်ငံ နယ်စပ် ၂ ဖက်လုံးမှာ အလံတွေကို တိုင်ဝက်လျော့ချလွှင့်ထူ ထားတာတွေ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ နျူကလီးယားလက်နက်ပိုင်ရှင် အိန္ဒိယနဲ့ ပါကစ္စတန်ပြိုင်ဘက် အိမ်နီးချင်း ၂ နိုင်ငံဟာ အရင်က စစ်ပွဲကြီး ၃ ကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။ ကက်ရှ်မီးယား ဒေသကို ပိုင်ဆိုင်မှုအတွက် ခါးခါးသီးသီး ပဋိပက္ခ ဖြစ်ပွားနေဆဲပါ။ ဒါပေမယ့် ခု အသေခံဗုံးခွဲမှုကတော့ အိန္ဒိယနဲ့ မပတ်သက်ဘဲ သူတို့က လုံးလုံးတာဝန်ခံတယ်လို့ တာလီဘန်တွေက အခိုင်အမာပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up