Live
Home
မြန်မာသတင်း
ကိုပါကြီးရုပ်အလောင်း နိုဝင်ဘာ ၅ ရက်နေ့ ပြန်ဖော်မည်ဟု ဇနီးဖြစ်သူကို အကြောင်းကြား
DVB
·
November 2, 2014
စစ်တပ်က ဖမ်းဆီးထားစဉ်အတွင်း သေဆုံးသွားတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့ ရုပ်အလောင်းကို ပြန်လည်တူးဖော်ဖို့ သက်ဆိုင်ရာက ဇနီးဖြစ်သူ ဒေါ်သန္တာကို နိုဝင်ဘာ ၂ ရက်နေ့ အကြောင်းကြားလာတယ်လို့ သိရပါတယ်။ [caption id="attachment_68521" align="aligncenter" width="495"]ကိုပါကြီး ကိုပါကြီး[/caption] မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲက ရွှေဝါချောင်ရွာမှာ လွန်ခဲ့တဲ့ တလနီးပါးက မိသားစုကို အသိမပေးဘဲ မြှုပ်ထားတဲ့ အလောင်းကို လာမယ့် ၅ ရက်နေ့မှာ ပြန်လည် တူးဖော်မယ်လို့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။ ကိုပါကြီးလို့ လူသိများတဲ့ အသက် ၄၉ နှစ်အရွယ် ကိုအောင်ကျော်နိုင်ရဲ့ သေမှုသေခင်း အမှုနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေကို စစ်ဆေးဖို့ အလောင်းတူးဖော်တဲ့ ရက်မတိုင်ခင် တရက်ကြိုပြီး ကျိုက်မရောမြို့မ ရဲစခန်းကို သွားရောက်ဖို့ကိုလည်း အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။ ကိုပါကြီးသေဆုံးမှု အမှုမှန် စုံစမ်းဖော်ထုတ်ပေးဖို့ မြန်မာနိုင်ငံတ၀န်းမှာ အဖွဲ့အစည်းအသီးသီးကလည်း ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ သုံးရောင်ခြယ်အဖွဲ့ဝင် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး အသက် ၄၉ နှစ်အတွက် ရည်စူးပြီး ဆွမ်းဆက်ကပ်လှူးဒါန်းပွဲကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် သရက်တော အလယ်ကျောင်းတိုက်မှာ သုံးရောင်ခြည်အဖွဲ့ဝင်တွေနဲ့ မိသားစုက ဒီနေ့ နေ့လယ် ကျင်းပခဲ့ကြပါတယ်။ အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့တာပါ။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024