အသင်းတွင် ဆက်နေရန် ဂျရတ်ကို လီဗာပူးနည်းပြ တိုက်တွန်း

1K
လီဗာပူး အသင်းခေါင်းဆောင် စတီဗင် ဂျရတ်ကို အသင်းမှာ ဆက်နေပြီး ကစားပေးဖို့ နည်းပြ ဘရန်ဒန် ရော်ဂျာစ်က ပြောဆိုလိုက်ပါတယ်။
အသက် ၃၄ နှစ်အရွယ် ဂျရတ်က ဒီနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ထပ်မတိုးဘဲ အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြောဆိုထားတာပါ။
ကစားသမားဘ၀ကနေ အနားယူမှာ မဟုတ်သေးပေမယ့် အန်ဖီးလ်အသင်းနဲ့ ဝေးနဲ့နေရာမှာ ကစားသမားဘ၀ကို ဆက်လိုကြောင်း ပြောဆိုထားပါတယ်။
နည်းပြ ရော်ဂျာစ်ကတော့ ဂျရတ်က ထူးချွန်တဲ့ အသင်းခေါင်းဆောင်ဖြစ်လို့ အသင်းမှာ ဆက်နေဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။
