အာစင်နယ်နှင့်ချယ်လ်ဆီး အနိုင်ရပြီး လီဗာပူးရှုံးနိမ့်

မနေ့ ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လီဗာပူး ရှုံးပြီး အာစင်နယ်နဲ့ချယ်လ်ဆီးတို့ အနိုင်ရသွားပါတယ်။ oscar-chelsea-premier-league-goal-celeb-qpr_3223768လီဗာပူးဟာ အဝေးကွင်းမှာ နယူးကာဆယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ နယူးကာဆယ်အတွက် အနိုင်ဂိုးကို ၇၃ မိနစ်မှာ ဂူတီရက်ဇ်က သွင်းယူပါတယ်။ ရလဒ်တွေ မကောင်းလို့ ရုန်းကန်နေရတဲ့ နည်းပြ အလန်ပါဂျုးရဲ့ နယူးကာဆယ်အသင်းဟာ ဒီပွဲနိုင်လိုက်လို့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာအထိ တက်လှမ်းသွားပါတယ်။ ချယ်လ်ဆီးကတော့ ကျုပီအာကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အနိုင်ဂိုးတွေကို အော်စကာနဲ့ ဟာဇက်က သွင်းယူပါတယ်။ ဒီပွဲမှာ ဒဏ်ရာကြောင့် နားနေရာကနေ ပြန်လာတဲ့ တိုက်စစ်မှူး ကော်စတာ ပါဝင် ကစားသွားပေမယ့် ဂိုးသွင်းနိုင်ခြင်းတော့ မရှိပါဘူး။ ဒီပွဲနိုင်လို့ ချဲလ်ဆီးက အမှတ်ပေးဇယားထိပ်မှာ ဆက်ဦးဆောင်နေပြီး ဒုတိယနေရာက ဆောက်သမ်တန်ကို  ၄ မှတ် ဖြတ်ထားဆဲ ဖြစ်ပါတယ်။ အာစင်နယ်ကတော့ အိမ်ကွင်းမှာ ဆန်းချက်ဇ်နဲ့ ချိန်ဘားတို့ရဲ့ သွင်းဂိုးတွေနဲ့ ဘန်လေကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားတာပါ။ အာစင်နယ်ဟာ ဒီနှစ်ရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ၂ ပွဲဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။ ဒီပွဲနိုင်လို့ ၁၇ မှတ်နဲ့ အဆင့် ၄ နေရာကို တက်လှမ်းသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up