ဝါရှင်တန် အထက်တန်းကျောင်းပစ်ခတ်မှုတွင် ဒဏ်ရာရ ကျောင်းသူ သေဆုံး

သေနတ်သမားလူငယ် ဂျေလန် ဖရေးဘက်(၀ဲ)၊ ဂီယာ ဆိုရီယာနို (အပေါ်ယာ)နှင့် ရှေးလီ ချော့ကူနာစကစ်
1K
အမေရိကန်နိုင်ငံ ၀ါရှင်တန် ပြည်နယ် အထက်တန်ကျောင်းတကျောင်းမှာ အရင်တပတ်က ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် ဒဏ်ရာရခဲ့ တဲ့ ကျောင်းသူလည်း သေဆုံးသွားပြီလို့ ဒေသကျန်းမာရေးဌာနက အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
[caption id="attachment_69536" align="alignright" width="300"]
သေနတ်သမားလူငယ် ဂျေလန် ဖရေးဘက် (၀ဲ)၊ ဂီယာ ဆိုရီယာနို (အပေါ်ယာ)နှင့် ရှေးလီ ချော့ကူနာစကစ်[/caption]
လူ ၂ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ အသက် ၁၄ နှစ်အ ရွယ် ကျောင်း သူ ရှေးလီ ချော့ကူနာ စကစ် ဟာ မနေ့ညနေ ၄ နာရီ ၄၅ မိနစ်က ဆေးရုံ မှာ သေဆုံးသွားတာဖြစ် ပါတယ်။
ကျောင်းမှာ လူသိများ တဲ့ ဘောလုံး သမား ကျောင်းသားသစ် အသက် ၁၅ နှစ်အရွယ် ဂျေလန် ဖရေးဘက်ဟာ သူ့ဝမ်းကွဲနှစ်ယောက်နဲ့ သူငယ်ချင်းသုံးယောက်ရှိတဲ့ စားပွဲဝိုင်းထဲကို ပစ္စတို သေနတ်နဲ့ပစ်ခဲ့ပြီးနောက် သူ့ကိုယ်သူလည်း ပစ်သတ်သွားတယ်လို့ မျက်မြင်တွေနဲ့ မိသားစုတွေက ပြောပါတယ်။
ဒီလို လူစုဖို့ သေနတ်သမားလူငယ်ကပဲ ဖုန်းမက်ဆေ့ကတဆင့် ဖိတ်ခေါ်ခဲ့တယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။
ဘာကြောင့် အခုလို ပစ်သတ်လဲဆိုတာကတော့ ဆက်လက်စုံစမ်းနေပြီး ဖရေးဘက်ရဲ့ မိသားစုတွေရဲ့ အဆိုအရ ကလေးတွေကြားမှာ ရန်ငြိုးရန်စလည်း ရှိပုံမရဘူးလို့ ဆိုပါတယ်။
သေနတ်ထိမှန်ခဲ့တဲ့ ကျောင်းသူ ဂီယာ ဆိုရီယာနိုဟာလည်း ပြီးခဲ့တဲ့အပတ်က သေဆုံးခဲ့ပြီး အန်ဒရူး ဖရိုင်းဘက်ဆိုတဲ့ ၀မ်းကွဲတဦးလည်း စိုးရိမ်ဖွယ် အခြေအနေမှာ ရှိပါတယ်။ နောက်ထပ် ၀မ်းကွဲတဦးဖြစ်တဲ့ အသက် ၁၄ နှစ်အရွယ် နိုက်ဟတ်ခ်ျကတော့ အခြေအနေပြန်ကောင်းစ ပြုလာပြီ ဖြစ်ပါတယ်။
