၁၀ ရက်အတွင်း အစိုးရဖွဲ့ရန် ယီမင်သမ္မတကို သူပုန်အဖွဲ့ ရာဇသံပေး

အောက်တိုဘာ ၃၁ ရက်နေ့က ဟူသီသူပုန်အဖွဲ့ အစည်းအဝေးပြုလုပ်စဉ်
1K
ယီမင်နိုင်ငံမှာ ရှီယိုက်အနွယ် ဟူသီသူပုန်တွေက သမ္မတကို ၁၀ ရက်တွင်း အစိုးရအဖွဲ့ဖို့ ရာဇသံ ပေးလိုက်ပြီး နိုင်ငံရေးအခြေအနေ တင်းမာမှု မြင့်တက်နေပါတယ်။
[caption id="attachment_69518" align="aligncenter" width="447"]
ယီမင်သမ္မတပုံ။ (အောက်တိုဘာ ၃၁ ရက်နေ့က ဟူသီသူပုန်အဖွဲ့ အစည်းအဝေးပြုလုပ်စဉ်။)[/caption]
တချိန်က နိုင်ငံမြောက်ပိုင်းဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ သူပုန်တွေဟာ ဒီလတွေအတွင်း ယီမင် အာဏာခွဲဝေရေးကိစ္စမှာ အရေးကြီးတဲ့ အင်အားစု ဖြစ်လာခဲ့ပါတယ်။ နိုင်ငံ အနောက်ပိုင်းနဲ့ အတွင်းပိုင်းအထိ နယ်မြေတွေကိုလည်း သိမ်းယူထားပါတယ်။
ရက်သတ္တပတ်ပေါင်းများစွာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး စက်တင်ဘာလာ ၂၁ ရက်နေ့မှာ ဟူသီသူပုန်တွေက ဆန်နားမြို့တော်ကို သိမ်းခဲ့ပါတယ်။
အရင်လက အာဏာခွဲဝေရေး သဘောတူညီချက်အရ ဟူသီသူပုန်တွေဟာလည်း အစိုးရအဖွဲ့ထဲမှာ ပါဝင်ဖို့ သဘောတူထားပါတယ်။ အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းမယ့် အချိန်ကျမှ သူပုန်တွေဟာလည်း မြို့တော်ကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။
ဟူသီ သူပုန်ခေါင်းဆောင်တွေက အောက်တိုဘာ ၃၁ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ၁၀ ရက်အတွင်းမှာ သမ္မတက အစိုးရအဖွဲ့ကို မဖွဲ့ခဲ့ရင် တခြားနည်းလမ်းတခုကို ရွေးချယ်မယ်လို့ ခြိမ်းခြေက်ပါတယ်။ ဘယ်လို တခြားနည်းလမ်းဆိုတာကိုတော့ အတိအကျ မပြောပါဘူး။
ကြေညာချက်မထုတ်ခင် အစည်းအဝေးကျင်းပတဲ့အခါမှာတော့ ဟူသီသူပုန်တွေကို ထောက်ခံသူ ၂၀၀၀ လောက် တက်ရောက်ခဲ့ပါတယ်။
