ကမ္ဘာ့နားမကြားအဖွဲ့ချုပ် အာရှလူငယ်များ နှီးနှောဖလှယ်ပွဲ နိုဝင်ဘာ ၂ ရက်နေ့ ကျင်းပမည်

ကမ္ဘာ့နားမကြားအဖွဲ့ချုပ်ရဲ့ ၇ ကြိမ်မြောက် အာရှလူငယ်များ နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပ ပြုလုပ်မှာဖြစ်ပါတယ်။ မြန်မာအပါအ၀င် အာရှနိုင်ငံ ၁၅ နိုင်ငံက နားမကြားလူငယ် ၆၀ ကျော် တက်ရောက်ကြမှာ ဖြစ်ပါတယ်။   camp2014_1(1) copyနှီးနှောဖလှယ်ပွဲမှာ အာရှဒေသနိုင်ငံတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေ အမြင်ချင်း ဖလှယ်ပြီး ဖြစ်ပေါ် တိုးတက်မှု အခြေအနေ၊ နားမကြားသူတွေရဲ့ အခြေအနေနဲ့ အပြောင်းအလဲတွေအပေါ် မေးမြန်း ဆွေးနွေးကြမှာပါ။ ၆ ကြိမ်မြောက် အာရှလူငယ်များ နှီးနှောဖလှယ်ပွဲ ကို တောင်ကိုရီးယားနိုင်ငံ ဂိုယောင်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ၇ ကြိမ်မြောက်အဖြစ် ချင်းမိုင်မြို့မှာ လက်ခံကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up