လီဗာပူးတိုက်စစ်မှူး စတားရစ် ၃ ပတ်ခန့် ဆက်နားရမည်

သြဂုတ်လကတည်းက ဒဏ်ရာကြောင့် နားနေရတဲ့ လီဗာပူးတိုက်စစ်မှူး စတားရစ်ဟာ နောက် ထပ် ၃ ပတ် လောက် ဆက်နားရဦးမယ့် အခြေအနေဖြစ်နေပါတယ်။ 1108987-18574751-1600-900လီဗာပူးအနေနဲ့ စတားရစ် မပါနိုင်တဲ့ အချိန်တွေမှာ ရုန်းကန်နေရပြီး ရီးရဲလ်၊ နယူးကာဆယ်၊ ချဲလ်ဆီး စတဲ့အသင်းကြီးတွေနဲ့ တွေ့ရမယ့် အရေးကြီး ပွဲစဉ်တွေကို စတားရစ်ဟာ လွဲချော်မယ့် အခြေအနေုဖြစ်နေပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၇ မှာ ရှိနေပြီး ဒီနေ့ နယူးကာဆယ်နဲ့ အဝေးကွင်းပွဲ၊ နိုဝင်ဘာ ၅ ရက်နေ့ ရီးရဲလ်နှင့် ချန်ပီယံလိဂ်ပွဲ၊ နိုဝင်ဘာ ၈ ရက်နေ့မှာ  ချဲလ်ဆီးနဲ့ အိမ်ကွင်းပွဲ  ကစားရမှာပါ။ ချန်ပီယံလိဂ် အုပ်စုပွဲမှာ လီဗာပူးဟာ လူဒိုဂိုရက်စ်၊ ဘေဆယ်တို့နဲ့အတူ ၃ မှတ် စီသာရထားပြီး အုပ်စုတက်ဖို့   ရုန်းကန်ရဦးမယ့် အခြေအနေလည်း ဖြစ်နေပါတယ်။

More News
Up