အမေရိကန်တွင် လေယာဉ်ငယ်တစီး အဆောက်အဦပေါ် ပျက်ကျ
Published By
DVB | 31 October, 2014
1.3K
0
Share
0
Comment
0
Likes

အမေရိကန်နိုင်ငံ ကန်းဆပ်ပြည်နယ် ဝစ်ချိတာမြို့ မစ်ကွန်တီနန့်လေဆိပ်က အဆောက်အဦတလုံးပေါ် လေယာဉ်ငယ်တစီး မနေ့က ပျက်ကျခဲ့လို့ အနည်းဆုံးလူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ မီးသတ်အရာရှိတဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သေဆုံးသူ လူ ၂ ဦးဟာ လေယာဉ်ပျက်ကျရာ အဆောက်အဦကလို့ ယုံကြည်ရကြောင်း ဝစ်ချိတာ မီးသတ်ခေါင်းဆောင် ရွန်ဘလက်ဝဲလ်က အတည်ပြုပါတယ်။
လေယာဉ် ဝင်တိုက်လို့ အဆောက်အဦကို မီးလောင်ခဲ့ပုံရတယ်လို့လည်း ပြောပါတယ်။ ဒဏ်ရာရသူ ဘယ်နှယောက်ကို ဆေးရုံတင်ပို့ခဲ့ရတယ်ဆိုတာတော့ မသိရသေးပါဘူး။