ဂါဇာကမ်းမြောင် ကန့်သတ်နယ်မြေသတ်မှတ်ရန် ဒေသခံများကို ရွှေ့ပြောင်းခိုင်း

ဓာတ်ပုံ - ရိုက်တာ
720
အီဂျစ်နိုင်ငံက ဂါဇာကမ်းမြောင်တလျှာက် မီတာ ၅၀၀ အကျယ် လုံခြုံရေး ကန့်သတ်နယ်မြေ သတ်မှတ်ဖို့ ဒေသခံတွေကို နေရာရွှေ့ပြောင်းခိုင်းနေပါတယ်။
[caption id="attachment_69362" align="alignright" width="356"]
ဓာတ်ပုံ - ရိုက်တာ[/caption]
လူနေအိမ်အလုံး ၆၈၀ ကျော်ကိုလည်း ဖြိုချ ရှင်းလင်းမှာ ဖြစ်ပြီး ပြောင်းရွှေ့ရတဲ့ ဒေသခံတွေအတွက် လျော်ကြေးပေးမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က ဆိုင်းနိုင်းကျွန်းဆွယ်မြောက်ပိုင်းမှာ စစ်ဆေးရေးဂိတ် ၂ ခု တချိန်တည်း တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးအယောက် ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အခုနောက်ပိုင်းနှစ်တွေအတွင်း အီဂျစ်စစ်သား အကျအဆုံးအများဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ဆိုင်းနိုင်းကျွန်းဆွယ်မှာ အီဂျစ်လုံခြုံရေးတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ များပြားလာလို့ ၁၅ ကီလိုမီတာအရှည် ဂါဇာနယ်စပ်တလျှောက် အခုလို လုံခြုံရေး ကန့်သတ်ဇုန်တွေ သတ်မှတ်ဖို့ ဖြစ်လာတာပါ။
လိုဏ်ဂူနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ခိုးသွင်းမှုကို ဟားမတ်အဖွဲ့က ထောက်ခံ အားပေးနေတယ်လို့ အီဂျစ်အစိုးရက စွပ်စွဲနေပြီး ဟားမတ်ကတော့ ငြင်းဆန်ထားပါတယ်။
