မန်ချက်စတာ ဒါဘီပွဲတွင် မန်ယူအသင်းအခြေအနေကို စိတ်ပူကြောင်း ဂန္ထ၀င်ဂိုးသမား ပြော

(ဓာတ်ပုံ - ရိုက်တာ)
နိုဝင်ဘာလ ၂ ရက်နေ့မှာ ကျင်းပမယ့် မန်ချက်စတာ ဒါဘီပွဲနှင့် ပတ်သက်ပြီး မန်ယူအသင်းရဲ့ လက်ရှိအခြေအနေကို စိတ်ပူတယ်လို့ မန်ယူရဲ့ ဂန္ထ၀င်ဂိုးသမားကြီး ရှမိုက်ကယ် က ပြောဆိုလိုက်ပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးဟာ မန်ယူထက် ပိုတောင့်တင်းပြီး ပိုသာတဲ့ ကလပ်တခု ဖြစ်နေတယ်လို့ ပြောပါတယ်။ [caption id="attachment_69338" align="alignright" width="408"](ဓာတ်ပုံ - ရိုက်တာ) (ဓာတ်ပုံ - ရိုက်တာ)[/caption] ရှမိုက်ကယ် ဟာ မန်ယူ မှာ ကစား သမား ဘ၀ က မန်ချက်စတာဒါဘီ ၃ ပွဲကစား ခဲ့ဖူးပြီး ၃ ပွဲလုံး နိုင်ထားခဲ့တာပါ။ သူဟာ ၂၀၀၃ ခုနှစ် ကစားသမားဘ၀ က အနားမယူခင် မန်စီးတီး မှာ ၂၉ ပွဲကစားခဲ့ပါသေးတယ်။ အိမ်ရှင်ဖြစ်တဲ့ မန်စီးတီးအသင်းဟာလည်း နောက်ဆုံး ၃ ပွဲ မှာ သရေ ၁ ပွဲ၊ ရှုံးပွဲ ၂ ပွဲတို့ နဲ့ နိုင်ပွဲပျောက်ဆုံး နေပါတယ်။ မန်စီးတီးအသင်းဟာ အဝေးကွင်း ၂ ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်နှင့် ပရီးမီးယားပွဲ တွေ မှာ ၁ ပွဲ သရေ ၁ ပွဲ ရှုံးနဲ့ ကက်ပီတယ်ဝမ်း ဖလားပွဲ အိမ်ကွင်းပွဲမှာလည်း နယူးကာဆယ်ကို ထပ်မံရှုံးနိမ့် ခဲ့ပါတယ်။ အခု ရလဒ်တွေကြောင့် ကစားသမား တွေ ယုံကြည်မူလျော့နည်းလာမှာကို စိုးရိမ်ပူပန်တယ်လို့ နည်းပြ ပယ်လီဂရီနီက ပြောပါတယ်။ ဒါ့အပြင် ဆေးလ်ဗားနှင့် တိုရေးတို့ ဒဏ်ရာရှိနေပြီး လာမယ့် မန်ယူနဲ့ပွဲမှာ မပါနိုင်မှာကို နည်းပြက စိုးရိမ်နေပါတယ်။ အမှတ်ပေးဇယားမှာ မန်စီးတီးဟာ မန်ယူထက် ၄ မှတ် အသာမှာ ရှိနေပါတယ်။

More News
Up