တရုတ်တွင် တောင်ပြို၊ သတ္တုတူးဖော်ရေးလုပ်သားများ ပျောက်ဆုံးနေ
Published By
DVB | 30 October, 2014
1K
0
Share
0
Comment
0
Likes

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ အောက်တိုဘာ ၂၈ ရက်နေ့က တောင်ပြိုကျခဲ့လို့ ကြေးနီသတ္တုတူးဖော်ရေးလုပ်သား ၉ ဦး ပျောက်ဆုံးနေပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့က ကယ်ဆယ်ရေးဝန်ထမ်း အယောက် ၄၀၀ ကျော် နေ့ညမဆိုင်း ရှာဖွေနေကြပေမယ့်လည်း မတွေ့ကြသေးပါဘူး။
မိုးဆက်လက်ရွာသွန်းနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့လည်း စီစီတီဗွီသတင်းက ဖော်ပြပါတယ်။
မိုးရက်ဆက် အသည်းအသန်ရွာ သွန်းခဲ့ပြီး တောင်ခြေက သတ္တုတူးဖော်ရေးအလုပ်ရုံပေါ် တောင်ပြိုကျခဲ့တာလို့ သိရပါတယ်။