ပါတီဝင်များ အဂတိလိုက်စားမှု စပိန်ဝန်ကြီးချုပ် ဒုတိယအကြိမ်တောင်းပန်

ဓာတ်ပုံ - ရိုက်တာ
စပိန်ဝန်ကြီးချုပ် မာရီယာနို ရေဂျိုင်း(Mariano Rajoy)က သူ့ရဲ့ အာဏာရပါတီအဖွဲ့ဝင်တွေ အဂတိလိုက်စားမှု အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်မှုတွေနဲ့ ပတ်သက်ပြီး စပိန်ပါလီမန်မှာ အောက်တိုဘာ ၂၉ ရက်နေ့က ဒုတိယအကြိမ် တောင်းပန်ခဲ့ပါတယ်။ [caption id="attachment_69257" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ စပိန်ဝန်ကြီးချုပ် မာရီယာနို ရေဂျိုင်း (ဓာတ်ပုံ - ရိုက်တာ)[/caption] စပိန်အောက်လွှတ်တော်မှာ ဒီအဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂၈ ရက်နေ့က ပထမဆုံးအကြိမ် တောင်းပန်ခဲ့ပါတယ်။ အစိုးရအတွင်း အမှားအယွင်းတွေ လုပ်ခဲ့တာကို ၀န်ခံပြောဆိုပြီး နောက်ပိုင်း စပိန်နိုင်ငံရေးမှာ အခုလိုကိစ္စမျိုး မဖြစ်ပေါ်အောင် ကြိုးစားသွားမယ်လို့လည်း ကတိပြုပြောဆိုသွားပါတယ်။ အရင်စပိန်ပြည်ထဲရေးဝန်ကြီးလည်းဖြစ်၊ လူထုပါတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ အိန်ဂျယ် အတ်ဘတ်စ် ကို ဗဟိုတရားရုံးက စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ပြီး နောက်တရက်မှာ ၀န်ကြီးချုပ်က အခုလို တောင်းပန်ခဲ့တာပါ။ စပိန်နိုင်ငံရဲ့ အကြီးဆုံး အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့အထိ အာဏာရပြည်သူ့ပါတီ ထိပ်တန်းခေါင်းဆောင်တွေ၊ မြို့ဝန်တွေ အပါအ၀င် လူ ၅၁ ဦး ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up