သီရိလင်္ကာတွင် မိုးကြီးပြီး မြေပြိုမှုကြောင့် အိမ်ခြေ ၁၄၀ မြုပ်

သီရိလင်္ကာနိုင်ငံ အလယ်ပိုင်းမှာ နေ့စဉ်ရက်ဆက် မိုးသည်းထန်အပြီး အောက်တိုဘာလ ၂၉ ရက်နေ့က မြေပြိုမှုကြောင့် အိမ်ခြေ ၁၄၀ လောက် မြုပ်သွားပါတယ်။ indiaမြို့တော်ကိုလံဘိုကနေ မိုင်၁၂၀အကွာက ဟာဒမ်မူ လာရွာမှာ ကလေးတွေ မနက်ခင်း ကျောင်းသွားပြီး ပြန်လာချိန် သူတို့အိမ်တွေမြုပ်နေတာ တွေ့ခဲ့တာလို့ မီဒီယာက ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွင်း အလောင်းဆယ်လောင်းကို ရှာတွေ့ထားပြီး လူ ၂၅၀ ကျော် ပျောက်နေဆဲလို့ ကပ်ဘေးစီမံခန့်ခွဲရေးဌာန ပြောခွင့်ရက ပြောပါတယ်။ မြေပြိုမှုက အနည်းဆုံး ၂ မိုင်ကျော်တယ်လို့ ကပ်ဘေးစီမံအုပ်ချုပ်ရေးဝန်ကြီး မဟင်ဒါ အမ်မာရဝီရာက ပြောပါတယ်။ ရွာသားတွေကို နောက်ထပ်မြေပြိုမယ့်ဘေးကြောင့် ဒေသတွင်းက အဝေးကိုရွှေ့ကြဖို့ အကြံပြုခဲ့ပေမယ့် ရွာသားတွေက သတိပေးချက်ကို လက်မခံခဲ့ကြဘူးလို့ သူက ဆက်ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up