မြောက်ကိုရီးယား ဘူတာ၊ ဆိပ်ကမ်း၊ လေဆိပ်အားလုံးတွင် အီဘိုလာ စစ်ဆေး

1.1K
မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံတွင်း အီဘိုလာဗိုင်းရပ်စ် ကူးစက်မယ့် ဖြစ်နိုင်ခြေ တားဆီးဖို့ ရထားဘူတာတွေ၊ ဆိပ်ကမ်းတွေနဲ့ လေဆိပ်အားလုံးမှာ ခရီးသည် စစ်ဆေးရေးနဲ့ ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေကို လုပ်ဆောင်နေပါတယ်။
ပြုံးယမ်း စူနန်နိုင်ငံတကာလေဆိပ်မှာ အရေးပေါ်ကပ်ဘေး ကာကွယ်ရေးလုပ်ဆောင် ချက်တွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ပါတယ်။
နိုင်ငံတော်အဆင့် အီဘိုလာဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုလည်း အစိုးရက ကြီးမှူးပြီး ဒီလအစောပိုင်းမှာ စတင်လုပ်ဆောင်ပါတယ်။
လေဆိပ်တွေမှာ ဆေးဘက်လုပ်သားတွေနဲ့ လူနာတင်ယာဉ်တွေကို အဆင်သင့် စခန်းချ ထားပါတယ်။
လေယာဉ်လက်မှတ်ကိုင်ဆောင်သူတွေသာ လေဆိပ်ရဲ့ ထွက်ခွာမယ့်သူတွေခန်းမကို ဝင်ခွင့်ပြုပါတယ်။
နိုင်ငံတွင်းကို ဝင်ရောက်လာသူတွေအပေါ် လုံခြုံရေးစစ်ဆေးမှုကလည်း အရင်ကထက် ပိုရှုပ်ထွေးလာပါတယ်။
အမျိုးသားအရေးပေါ် ကပ်ဘေးကာကွယ်ရေး ကော်မတီက နိုင်ငံခြားသား သံတမန်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် ထုတ်ပြန်ထားတဲ့ သတိပေးစာ ထုတ်ပြန်ပေးထားပါတယ်။
အဲဒီစာအရ အီဘိုလာကူးစက်နေတဲ့ အနောက်အာဖရိကဒေသနဲ့ နိုင်ငံတွေက လာတဲ့ ခရီးသွားအားလုံးက သူတို့ထွက်ခွာလာတဲ့နေ့ကစပြီး ၂၁ ရက်အတွင်း ရောဂါခြေချုပ်နဲ့ သီးခြားထားပြီး ဆေးဘက် စီမံခန့်ခွဲမှုကို လက်ခံရမှာ ဖြစ်ပါတယ်။
