ကယ်ပီတယ်ဝမ်းဖလား ချယ်လ်ဆီးနှင့်လီဗာပူး ကွာတားဖိုင်နယ် တက်ပြီ

မနေ့ညက ကယ်ပီတယ်ဝမ်းဖလား စတုတ္ထအဆင့် ပြိုင်ပွဲတွေမှာ နာမည်ကြီး အသင်း တွေထဲက ချယ်လ်ဆီးနဲ့ လီဗာပူးတို့ အနိုင်ရသွားပါတယ်။ chelseaချယ်လ်ဆီးက အဝေးကွင်းမှာ ဒုတိယ တန်းက ရှောစ်ဘူရီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကယ်ပီတယ်ဝမ်းဖလား ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ အနိုင်ဂိုးတွေကို တိုက်စစ်မှူး ဒရော့ဘာနဲ့ ဂရန်ဒစ်ဆန် တို့က သွင်းယူပါတယ်။ ဒရော့ဘာအတွက်တော့ ၃ ပွဲမြောက်မှာ ၃ ဂိုး သွင်းယူနိုင်တာ ဖြစ် ပါတယ်။ liverpoolလီဗာပူးကတော့ အိမ်ကွင်းမှာ ဆွမ်ဆီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ လီဗာပူးဟာ နောက်ကနေ လိုက်ကစားခဲ့ရပြီး အနိုင်ဂိုးတွေကို ဘာလိုတယ်လီနဲ့ လော့ရန်က သွင်းယူပြီး ကွာတားကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

More News
Up