လာလီဂါ အကောင်းဆုံးကစားသမားဆုအပါအ၀င် ဆု ၃ ခု စီရိုနယ်ဒို ရရှိ

ပြီးခဲ့တဲ့  ရာသီ လာလီဂါ အကောင်းဆုံးကစားသမားဆု အပါအ၀င် ဆု ၃ ဆုကို ရီးရဲလ် တိုက်စစ်မှူး စီရိုနယ်ဒိုက ရရှိသွားပါတယ်။ Ronaldoသူဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါပွဲ ၃၀ ကစားခဲ့ပြီး ၃၁ ဂိုးသွင်းယူ ပေးခဲ့သူဖြစ်ပါတယ်။  အခု LFP ဆုကို ၂၀၀၈-၀၉  ခုနှစ်ကကစပြီး  ချီးမြှင့်ခဲ့တာပါ။ အရင်က မက်ဆီကပဲ တောက်လျှောက်ရခဲ့ပြီး အခုနှစ်မှာမှ စီရိုနယ်ဒိုက ရရှိသွားပြီး အကောင်းဆုံး တိုက်စစ်မှူး အဖြစ်လည်း အရွေးခံခဲ့ရပါတယ်။ Ronaldo2ဒါ့အပြင် ဗလင်စီယာနဲ့ ပွဲမှာ သူသွင်းခဲ့တဲ့ ဂိုးကိုလည်း အကောင်းဆုံးဂိုးအဖြစ် ရေးချယ်ခဲ့ပါတယ်။ အခြားဆုတွေကတော့ အကောင်းဆုံး နည်းပြဆုကို အက်သလက်တီကိုက  ဆီမြွန်းနီ၊ အကောင်းဆုံး ဂိုးသမားဆုကို အခုရီးရဲလ်ကို ပြောင်သွားပြီဖြစ်တဲ့ လီဗန်တေးက နာဗက်စ်။ အကောင်းဆုံး ခံစစ်မှူးဆုကို ရီးရဲလ်က ရာမို့စ်၊ အကောင်းဆုံး ကွင်းလယ်ခံစစ်သမားဆုကို ရီးရဲလ်က မိုဒရစ်၊ အကောင်းဆုံး ကွင်းလယ်တိုက်စစ်သမားဆုကို ဘာစီလိုနာက အင်နစ္စတာ၊ အကောင်းဆုံး အာဖရိက ကစားသမားဆုကို ဂရာနာဒါက ဘရာဟီမီ၊ အကောင်းဆုံး တောင်အမေရိကသားဆုကို ဆီဗီလာက ဘက်ကာ တို့က ရရှိခဲ့ပါတယ်။

More News
Up