ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဇီဒန်းကို နည်းပြလိုင်စင်မရှိမှုဖြင့် ၃ လ ပွဲပယ်

947
ရီးရဲလ် အရန်အသင်းနည်းပြဖြစ်တဲ့ ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဇီဒန်းကို နည်းပြလိုင်စင် အဆင့်မရှိသေးတဲ့ အမှုနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်က ၃ လပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
သူရဲ့ လက်ထောက်နည်းပြ ဆန်းချက်စ်ကိုလည်း ၃ လပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ရီးရဲလ်အသင်းကတော့ စပိန်ဘောလုံးအဖွဲ့ချူပ်ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်းနဲ့  တရားနည်းလမ်းကျကျ ရင်ဆိုင်သွားမယ်လို့ ကြေညာချက်ထုတ်ပြန် တုံ့ပြန်ပါတယ်။
