စကိုင်းခရူဇာ ၃ မျိုးသွားယာဉ်ကို အမေရိကန် အင်ဂျင်နီယာ တီထွင်

အမေရိကန် အင်ဂျင်နီယာတွေက ရဟတ်ယာဉ်နဲ့ လေယာဉ်ပျံတို့လိုပျံနိုင်ပြီး ကားလိုလည်း မောင်းနိုင်တဲ့ ယာဉ်ကို တီထွင်လိုက်ပါတယ်။ Untitled-5အရီဇိုးနားပြည်နယ်အခြေစိုက် ခရော့စ်ဘလိတ် အာကာသစနစ်ကုမ္ပဏီက ပုံစံထုတ်ပြီး စကိုင်းခရူဇာလို့ နာမည်ပေးထားတဲ့ ၃ မျိုးသွားယာဉ်ကို ဖန်တီးခဲ့တာပါ။ ရဟတ်ယာဉ်တစီးလို ဒလက်နဲ့လည်တဲ့ စနစ်လည်းရှိပြီး ကျဉ်းမြောင်းတဲ့နေရာမှာ ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်လို့ လေယာဉ်ပြေးလမ်း လိုအပ်ချက်မရှိပါဘူး။ Untitled-8 copyမြင်းကောင်ရေ ၃၂၀ အားရှိတဲ့ လျှပ်စစ်မော်တာကိုသုံးပြီး လိုအပ်တဲ့အမြင့်ပေ ရောက်တာနဲ့ ဒလက်တွေကို ပြန်ရုပ်ပြီး ပြန်ခေါက်သိမ်းထားနိုင်ပါတယ်။ ဟိုက်ဘရစ် အမျိုးအစားယာဉ်ဖြစ်ပြီး ကား၊ ရဟတ်ယာဉ်နဲ့ လေယာဉ်နည်းပညာ ၃ မျိုးကို ပေါင်းစပ်ထားပါတယ်။ ပျံသန်းမှုပုံစံ ပြောင်းလိုက်ပြီး လေယာဉ်အဖြစ် ရွေးချယ်လိုက်ရင် ၁ နာရီကို ၃၁၃ မိုင်ထိ အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ Untitled-6 copyကုန်စည်တွေကို သယ်ပြီး မိုင် ၁၀၀၀ အဝေးထိ ပျံနိုင်ပါတယ်။ သိပ္ပံဇာတ်လမ်းတွေထဲကလို ပုံစံပြောင်းနိုင်ပြီး မြေပြင်ပေါ်ဆင်သက်ပြီးရင်တော့ လူ ၅ ယောက်စီး လေယာဉ်ဟာ ကားလို မောင်းနိုင်ပါတယ်။ ထုတ်လုပ်ရောင်းချမယ့် ရက်စွဲ မရှိသေးပေမယ့် ပျံသန်းပုံကတော့ လေယာဉ်တွေထက် အများကြီး ပိုလွယ်ပုံရတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

More News
Up