မန်ယူနှင့်ချယ်လ်ဆီး ၁ ဂိုးစီ သရေကျ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ မန်ယူနဲ့ ချယ်လ်ဆီးပွဲစဉ်မှာ တဂိုးစီ သရေရလဒ်နဲ့ အဆုံးသွားပါတယ်။ _78546923_vanpersie_goal_empicsချယ်လ်ဆီးက တိုက်စစ်မှူး ဒရော့ဘာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မန်ယူအတွက် ချေပဂိုးကို ပွဲပြီးကာနီးမှာ ဗန်ပါစီက သွင်းယူပေးပါတယ်။ တကျော့ပြန် တိုက်စစ်မှူး ဒရော့ဘာအတွက်တော့ ၂၀၁၂ နောက်ပိုင်းမှာ ချယ်လ်ဆီးအတွက် ပထမဆုံးအကြိမ် ဂိုးပြန်သွင်းပေးနိုင်တာ ဖြစ်ပါတယ်။ အသင်းကြီးနှစ်သင်း ထိပ်တိုက်ဆုံတဲ့ ပွဲဖြစ်လို့ အကြိတ်အနယ် ရှိခဲ့သလို အ၀ါကတ်တွေ ပလူပျံခဲ့ပြီး ချယ်လ်ဆီးအသင်းနောက်ခံလူ အီဗန်နိုဗစ် အထုတ်ခံခဲ့ရပါတယ်။ မန်ယူက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့တာပါ။ ဒီပွဲ သရေကျပေမယ့် ချယ်လ်ဆီးက ၂၃ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက ဆောက်သမ်တန်ကို ၄ မှတ် ဖြတ်ထားပါတယ်။ မန်ယူကတော့  ၁၃ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။ ကျန်ပွဲစဉ်တွေမှာတော့ အဲဗာတန်က အဝေးကွင်းမှာ ဘန်လေကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အဲဗာတန်က အီတိုးနဲ့လူကာကူတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူသွားတာပါ။ စပါးစ်ကတော့ အိမ်ကွင်းမှာ နယူးကာဆယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးလိုက်ရပါတယ်။ စပါးစ်အသင်းဟာ နောက်ဆုံး ကစားထားတဲ့ ၇ ပွဲမှာ တပွဲပဲအနိုင်ရသေးတာ ဖြစ်ပါတယ်။

More News
Up