စီနိုင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများအတွက် ၀မ်းနည်းကြောင်း အီဂျစ်သမ္မတပြော

အီဂျစ်သမ္မတ အဘ်ဒယ် ဖာတာ အယ်လ်စီစီက စီနိုင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေ အတွက် ဝမ်းနည်းကြောင်းရုပ်သံမိန့်ခွန်းကို  အစိုးရမီဒီယာကနေတဆင့် အောက်တိုဘာလ ၂၅ ရက်နေ့က ပြောပါတယ်။ တိုက်ခိုက်သူတွေဟာ နိုင်ငံခြားထောက်ပံ့မှုတွေ ရှိနေပြီး အီဂျစ်ပြည်သူတွေ စိတ်ဓာတ်ပျက်ပြားအောင် ဆောင်ရွက်ခဲ့တာလို့လည်း ဆိုပါတယ်။ [caption id="attachment_68843" align="alignright" width="300"]Egyt အီဂျစ်သမ္မတ အဘ်ဒယ် ဖာတာ အယ်လ်စီစီ[/caption] ဂါဇာကမ်းမြှောင်နား အယ်လ် ခါရူဘာဒေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း လူအယောက် ၃၀ သေပြီး တခြား ၂၅ ယောက် ဒဏ်ရာရပါတယ်။ အဲဒီနောက် သေနတ်သမားတွေက အယ်လ် အာရစ်ရှ် စစ်ဆေးရေးစခန်း ကို ပစ်ခတ်ခဲ့လို့ တခြားလုံခြုံရေးအဖွဲ့ ၃ယောက် သေဆုံးခဲ့တာပါ။ ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတဲ့ တာဝန်ခံမှုတော့ မရှိသေးပါဘူး။ အလားတူအရင်က တိုက်ခိုက်မှုတွေကိုတော့ စစ်သွေးကြွအုပ်စု အန်ဆာ ဘရတ်တာ အယ်လ် မိုခါးတစ် အဖွဲ့က လုပ်ခဲ့ဖူးပါတယ်။ ၂၀၁၃ ဇူလိုင်မှာ သမ္မတဟောင်း မာစီ ရာထူးက ဖယ်ရှားခံ ရပြီးတည်းက စစ်သွေးကြွတွေဟာ ရဲနဲ့စစ်သား ရာနဲ့ချီ သတ်ခဲ့ပြီးပါပြီ။ စီစီကတော့ ခုတိုက်ခိုက်မှုကို အကြမ်းဖက် တိုက်ခိုက်မှုလို့ ခေါ်ပြီး တုံ့ပြန်ဖို့ အရေးပေါ် အစည်းအဝေးအတွက် အမျိုးသားကာကွယ်ရေးကောင်စီကို အောက်တိုဘာလ ၂၄ ရက်နေ့က ဆင့်ခေါ်ခဲ့ပါတယ်။ စီနိုင်းဒေသခံတွေကတော့ တိုက်ခိုက်မှုပြီးပြီးချင်းမှာ ဖုန်းလိုင်းတွေနဲ့ အင်တာနက်ဝန်ဆောင်မှု တွေ ပြတ်တောက်ခဲ့တယ်လို့ အစီရင်ခံပါတယ်။ ရဟတ်ယာဉ်တွေကလည်း ဂါဇာကမ်း မြှောင်နားက စစ်သွေးကြွတွေ ပုန်းအောင်းရာလို့ ယုံတဲ့ ရှိတ်ခ်ဇူဝိဒ်နဲ့ ရာဖယ်လ်မြို့ တောင်ပိုင်းဒေသတွေကို ဗုံးကြဲခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up