အီဂျစ်နိုင်ငံတွင် ပေါက်ကွဲမှုဖြစ်၊ ရဲအပါအ၀င် ၁၀ ဦး ဒဏ်ရာရ

အီဂျစ်နိုင်ငံ ကိုင်ရိုတက္ကသိုလ်အပြင်ဘက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က ပေါက်ကွဲမှုတရပ်ကြောင့် ရဲတွေနဲ့ အရပ်သားတွေအပါအဝင် လူ ၁၀ ဦးဒဏ်ရာရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ 52AF6728-FD0B-42BF-91EB-3CEA0AF98ADD_w640_r1_sကျောင်းဆင်းချိန်မှာ တက္ကသိုလ်အပြင်က ရင်ပြင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ရဲ ၆ ယောက်နဲ့ အရပ်သား ၄ ယောက် ဒဏ်ရာရတဲ့အတွက် ဆေးရုံတင်ထားရတယ်လို့ ကြေညာချက်က ဆိုပါတယ်။ ဝန်ကြီးဌာနက နောက်ထပ် ဖောက်ခွဲရေးပစ္စည်းတွေ ရှိသေးရင် ရှာဖို့ ဖောက်ခွဲရေးဆိုင်ရာ ပညာရှင်တွေ လွှတ်ခဲ့တယ်လို့ ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ရာနေရာမှာ ရှာဖွေရေးအဖွဲ့ကို လူနာတင်ယာဉ်တွေ၊ မီးသတ်သမားတွေနဲ့ အတူ တွေ့ရပါတယ်။ ဒီတိုက်ခိုက်မှု ဘယ်သူလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

More News
Up