အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ ကျောင်းများတိုက်ခိုက်ခံရမှု ကုလစုံစမ်းရေးအဖွဲ့ ဖွဲ့မည်

912
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးက ပြီးခဲ့တဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်ပွဲအတွင်း ကုလသမဂ္ဂကျောင်းတွေကို တိုက်ခိုက်မှုခဲ့မှုတွေအတွက် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းမယ်လို့ အောက်တိုဘာ ၂၁ ရက်နေ့က ပြောဆိုပါတယ်။
ရက် ၅၀ စစ်ပွဲအတွင်း ကုလသမဂ္ဂကျောင်းတွေကို ပါလက်စတိုင်းတွေက အကာအကွယ်ယူပြီး လက်နက်တွေ ထားသိုတယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပါတယ်။
ကယ်ဆယ်ရေးကျောင်းတွေကို ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေအပါအ၀င် အရပ်သားသေဆုံးမှုတွေ ရှိခဲ့ပါတယ်။
အစ္စရေးစစ်တပ်က အဲဒီပစ်ခတ်မှုတွေကို ပြန်စုံစမ်းစစ်ဆေးပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဘန်ကီမွန်းက တောင်းဆိုခဲ့ပါတယ်။
ကုလသမဂ္ဂကလည်း လွတ်လပ်တဲ့ စုံစမ်းရေးကော်မတီတခု ဖွဲ့စည်းပြီးတော့လည်း လက်နက်တွေ ထားသိုခဲ့တာနဲ့ ပစ်ခတ်ခဲ့တာတွေကို စုံစမ်းမယ်လို့လည်း ဘန်ကီးမွန်းက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့လက အစ္စရေးစစ်တပ်က အရပ်သားသေဆုံးမှု အမှု ၅ မှုဖွင့် စုံစမ်းနေပြီး ကမ်းခြေသောင်ပြင် ပစ်ခတ်မှုမှာ ပါလက်စတိုင်းကလေး ၄ ဦးသေဆုံးမှု၊ ကုလသမဂ္ဂကျောင်းပစ်ခတ်မှုမှာ လူ ၁၇ ဦးသေဆုံးမှုတွေလည်း ပါဝင်ပါတယ်။
စစ်အတွင်း နေအိမ် ၂ သောင်းလောက် ပျက်စီးခဲ့ပြီး ပြန်လည်တည်ဆောက်ရေး နှစ်နဲ့ချီ ကြာမြင့်မှာလည်း ဖြစ်ပါတယ်။
ပါလက်စတိုင်း ၂၁၀၀ ကျော် သေဆုံးခဲ့ပြီး ၁ သိန်း ၁ သောင်းနီးပါး အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ အစ္စရေးစစ်သား ၆၇ ဦးနဲ့ အရပ်သား ၆ ဦးလည်း သေဆုံးခဲ့ပါသေးတယ်။
