ဆင်းရဲသားတော်လှန်ရေး လုပ်မည်ဟု ပါကစ္စတန် ဆန္ဒပြခေါင်းဆောင် ပြော

1.3K
ပါကစ္စတန်နိုင်ငံရဲ့ မြို့တော် အစ္စလာမ္မာဘက် (Islamabad) မြို့မှာ ၀န်ကြီးချုပ် နာဝပ်ရှရစ် ဖြုတ်ချရေး ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ ဘာသာရေးခေါင်းဆောင် ကာဒရီ (Qadri) က ၆၅ ရက်ကြာ ဆန္ဒပြပွဲတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ရပ်ဆိုင်းလိုက်ပါတယ်။
[caption id="attachment_68686" align="alignleft" width="300"]
ဘာသာရေးခေါင်းဆောင် ကာဒရီ[/caption]
ဆန္ဒပြပွဲကို ရပ်ဆိုင်းလိုက်ပြီး ပါကစ္စတန်မြို့ကြီးတွေမှာ ဆင်းရဲသားတော်လှန်ရေးကို လှည့်လည် လုပ်ဆောင်တော့မယ်လို့ ကာဒရီ(Qadri)က ပြောဆိုပါတယ်။
အရင် ခရစ်ကစ်ကစားသမားဟောင်း အင်ရန်ခန်း (Imran Khan) နဲ့ ပူးပေါင်းပြီး သြဂုတ် ၁၄ ရက်က နိုင်ငံအရှေ့ပိုင်းက လာဟိုးမြို့ကနေ အစ္စလာမ္မာဘတ်မြို့တော်ကို ချီတက်ခဲ့ကြတာပါ။
ဝန်ကြီးချုပ် နာဝပ်ရှရစ်ကို ရွေးကောက်ပွဲ မဲလိမ်တယ်လို့ စွပ်စွဲခဲ့ပြီး နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တာမှာ ရက်ပိုင်းအတွင်း ၀န်ကြီးချုပ် နုတ်ထွက်မယ်လို့ မျှော်လင့်နေကြပါတယ်။
စစ်တပ်က အာဏာသိမ်းမယ်လို့ မျှော်လင့်ခဲ့ပေမယ့် သြဂုတ် ၃၁ ရက်နေ့က ဆန္ဒပြသူ ၃ ဦး သေဆုံးတဲ့ ရဲနဲ့ ပဋိပက္ခ ဖြစ်ခဲ့တာက လွဲလို့ ပါကစ္စတန်စစ်တပ်ကလည်း ကြားနေခဲ့ပါတယ်။
အစိုးရအတိုက်အခံ အေအာဝိုင် (ARY) ရုပ်သံလိုင်း အပိတ်ခံရတဲ့ တရက်တည်းမှာ ဆန္ဒပြပွဲတွေကို ရပ်ဆိုင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဆန္ဒပြပွဲ ရပ်ဆိုင်းဖို့ နာဝပ်ရှရစ်အစိုးရနဲ့ နားလည်မှုတခုခုယူခဲ့တယ်လို့ ပြောဆိုမှုတွေကိုတော့ ကာဒရီက ငြင်းဆန်ထားပါတယ်။

