အိန္ဒိယအမျိုးသမီး ဆာရီတာ ဒေ၀ီကို လက်ဝှေ့ထိုးခွင့် တားမြစ်

ဆာရီတာ ဒေ၀ီ
1.2K
အိန္ဒိယနိုင်ငံ အမျိုးသမီး လက်ဝှေ့သမား ဆာရီတာ ဒေ၀ီကို နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ်က လက်ဝှေ့ ထိုးခွင့် တားမြစ်လိုက်ပါတယ်။
[caption id="attachment_68637" align="aligncenter" width="433"]
ဆာရီတာ ဒေ၀ီ[/caption]
တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမှာ ကျင်းပတဲ့ အာရှ အားကစားပြိုင်ပွဲမှာ ဒိုင်ရဲ့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့ပြီး ကြေးတံဆိပ်ဆုကို ရယူဖို့ ငြင်းပယ်ခဲ့ပြီးတဲ့နောက် အခုလို ပိတ်ပင်လိုက်တာပါ။
ဒီအတွက် တောင်ကိုရီးယား ဂျီကျူးကျွန်းမှာ ကျင်းပမယ့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ဒေ၀ီက ပါဝင်ခွင့်ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါအပြင် နည်းပြနဲ့ အိန္ဒိယ နိုင်ငံကိုယ်စားပြုခေါင်းဆောင်ကိုလည်း တားဖြစ်ခဲ့ပါတယ်။
၆၀ ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲမှာ တောင်ကိုရီးယား လက်ဝှေ့သမား ပတ်ဂျီနားကို ဒိုင်ရဲ့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်ကြောင့် ရှုံးနိမ့်ခဲ့ပြီး ဆုလက်ခံရယူဖို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဆုတံဆိပ်ကို လည်မှာဆွဲဖို့ ငြင်းဆန်ခဲ့သလို ပြိုင်ဘက်လည်ပင်းမှာ သွားရောက် ချိတ်ဆွဲပေးခဲ့ပါတယ်။
နောက်ပိုင်း အာရှ အိုလံပစ်ကောင်စီကို သူရဲ့ အပြုအမှုအတွက် ဒေ၀ီကတောင်းပန်ခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ အိမ်ရှင်လက်ဝှေ့သမားတွေကို မျက်နှာသာပေးပြီး အနိုင်ပေးတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဆန္ဒပြမှုတွေရှိခဲ့ပါတယ်။
မွန်ဂိုးလီးယားနဲ့ ဖိလစ်ပိုင် လက်ဝှေ့သမားတွေလည်း အလားတူဖြစ်ရပ်မျိုး ရင်ဆိုင်ခဲ့ရပါတယ်။
