ရုရှားလေယာဉ်မတော်တဆမှု စုံစမ်းရေးကော်မတီ စစ်ဆေး

ပျံသန်းမှုမှတ်တမ်းဆိုင်ရာ သေတ္တာနက် ၂ လုံး
လေယာဉ်မတော်တဆမှုအတွက် ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ပညာရှင်တွေဟာ မော်စကိုမြို့တော်က ဗညူကိုဗာလေဆိပ်တွင်း လေယာဉ်ပျက်ကျရာ နေရာကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က စစ်ဆေးခဲ့ပါတယ်။ Moscow's Vnukovo airportပျက်ကျတဲ့လေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းဆိုင်ရာ သေတ္တာနက် ၂ ခုလုံးကိုလည်း ပညာရှင်တွေက သိမ်းဆည်း စစ်ဆေးနေပြီလို့ စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောပါတယ်။ ဒီလေဆိပ်ဟာ ရုရှားသမ္မတပူတင်နဲ့ တခြားအစိုးရအရာရှိတွေ သုံးလေ့ရှိတဲ့ လေဆိပ်ပါ။ [caption id="attachment_68571" align="aligncenter" width="430"]ပျံသန်းမှုမှတ်တမ်းဆိုင်ရာ သေတ္တာနက် ၂ လုံး ပျံသန်းမှုမှတ်တမ်းဆိုင်ရာ သေတ္တာနက် ၂ လုံး[/caption] ရုရှားအစိုးရနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစည်းအဝေးအပြီး ကမ္ဘာ့အကြီးဆုံး ရေနံကုမ္ပဏီတခု ဖြစ်တဲ့ တိုတယ်ရဲ့ အမှုဆောင်အရာရှိချုပ် ခရစ်စတို့ဖ်ဒေ မာဂျေရီ စီးနင်းလိုက်ပါလာတဲ့ လေယာဉ်ဟာ အောက်တိုဘာ ၂၀ ရက်နေ့ ညသန်းခေါင်ချိန် ပျံတက်စဉ် နှင်းကျုံးကားနဲ့ တိုက်မိပျက်ကျခဲ့တာပါ။ လေယာဉ်ပေါ်ပါသူ ဝန်ထမ်း ၃ ယောက်နဲ့ တိုတယ်ခေါင်းဆောင်တို့ သေဆုံးခဲ့ပေမယ့် နှင်းကျုံးကားကို မောင်းသူကတော့ ထိခိုက်ဒဏ်ရာ မရှိဘဲ လွတ်မြောက်ခဲ့ပါတယ်။ လေယာဉ်ပျက်ကျမှုကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး အမှုဖွင့်ထားတယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောပါတယ်။ ရုရှားစုံစမ်းစစ်ဆေးရေး ကော်မတီပြောခွင့်ရ တတ်ယာနာ မိုရိုဇိုဗာက နှင်းကျုံးကားကို မောင်းသူဟာ အရက်မူးနေခဲ့တယ်လို့ ပြောဆိုပြီး ကားမောင်းသူကို အခု စစ်ဆေးမေးမြန်းနေပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ်ကျခံရမယ်လို့ ပြောပါတယ်။ ကားမောင်းသူရဲ့ရှေ့နေက ကားမောင်းသူဟာ လေဆိပ်ယာဉ်ကြောထိန်းချုပ်ရေးရဲ့ ညွှန်ကြားချက်ကို လိုက်နာနေခဲ့တယ်လို့ ပြောပြီး ဆွေမျိုးတွေကတော့ သူဟာ ဘယ်တုန်းကမှ အရက်မသောက်ခဲ့ဘူးလို့ ပြောပါတယ်။ ကော်မတီဟာ လေယာဉ်မှူးရဲ့အမှား၊ ရာသီဥတုဆိုးရွားမှုနဲ့ လေဆိပ်တွင်း ယာဉ်လမ်းကြောထိန်းချုပ်မှု စနစ်အမှားတွေအပါအဝင် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ခဲ့ပါတယ်။ လေယာဉ်ပျက်ကျချိန်က ပတ်ဝန်းကျင်မြင်နိုင်စွမ်းဟာ ပေ ၁၁၅၀ ပဲရှိတယ်လို့ လေဆိပ်က ပြောပါတယ်။ တိုတယ်ရေနံကုမ္ပဏီဟာ ရုရှားရဲ့ ထိပ်တန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထဲက ကုမ္ပဏီတခုဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ရုရှားနိုင်ငံတွင်း ထုတ်လုပ်မှု ၂ ဆ တိုးဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up