ရုရှားနိုင်ငံတကာလေဆိပ်တွင် နှင်းကျုံးကားနှင့် လေယာဉ်တိုက်မှုဖြစ်

လေဆိပ်ပြောခွင့်ရ အီလီနာ ကရိုင်လိုဗာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားနေစဉ်
ရုရှားမြို့တော် မော်စကိုက ဗညူကိုဗာ နိုင်ငံတကာလေဆိပ်ထဲမှာ နှင်းကျုံးကားနဲ့ လေယာဉ် တိုက်မှုကြောင့် ပြင်သစ်ရေနံကုမ္ပဏီကြီး တိုတယ်က အမှုဆောင်အရာရှိချုပ် ခရစ်စတို့ဖ် ဒယ် မာဂျေရီ သေဆုံးခဲ့တယ်လို့ လေဆိပ်ပြောခွင့်ရ အီလီနာ ကရိုင်လိုဗာက ဒီနေ့ ပြောကြားခဲ့ပါတယ်။ [caption id="attachment_68513" align="alignleft" width="300"]လေဆိပ်ပြောခွင့်ရ အီလီနာ ကရိုင်လိုဗာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားနေစဉ် လေဆိပ်ပြောခွင့်ရ အီလီနာ ကရိုင်လိုဗာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားနေစဉ်[/caption] ဒီမတော်တဆ မှုအတွင်း လေယာဉ် အမှုထမ်း တခြား ၃ယောက် လည်း သေဆုံးခဲ့တယ် လို့ သူက ပြောပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့ည သန်းခေါင်ယံ မတိုင်မီက မော်စကို ကနေ ပါရီကို ပျံသန်းမယ့် ဒတ်ဆော့တ် ဖယ်လ်ကွန် ဂျက်လေယာဉ်က လေဆိပ်ကနေ ပျံတက်စမှာ ခုလိုဖြစ်တာပါ။ သေဆုံးသူဟာ ရုရှားအစိုးရနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ဂေါ်ကီမြို့မှာ အောက်တိုဘာ ၂၀ ရက်နေ့ ကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်သူ စာရင်းထဲမှာ ပါခဲ့ပါတယ်။ တိုတယ်ရေနံကုမ္ပဏီဟာ ရုရှားမှာ ထိပ်တန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီတခုဖြစ်ပါတယ်။ တိုတယ်ကုမ္ပဏီက ဥရောပက ရုရှားအပေါ်ဒဏ်ခတ်မှုကြောင့် အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံတန် ပူးတွဲရင်းနှီးမြှုပ်နှံမှုရှိတဲ့ ယာမယ်လ်စီမံကိန်းကို ရပ်တန့်မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။ ဥရောပဟာ ရုရှားဓာတ်ငွေ့မရှိဘဲ မရပ်တည်နိုင်လို့ စီမံကိန်းရပ်ဆိုင်းဖို့ အကြောင်းပြချက် မရှိဘူးလို့ ဒယ်မာဂျေရီက အဲဒီအချိန်က ပြောခဲ့ပါတယ်။ ယာမယ်လ်စီမံကိန်းဟာ ဆိုက်ဘေးရီးယား အနောက်မြောက်ပိုင်းက သဘာဝ ဓာတ်ငွေ့သိုက်ကနေ ဓာတ်ငွေ့ရည်ထုတ်မယ့် စီမံကိန်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up