အောက်တိုဘာ ၂၁ ရက် ငွေလဲနှုန်းနှင့်ရွှေဈေး
DVB
·
October 21, 2014
အောက်တိုဘာ ၂၁ ရက်အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၉၉၆ ကျပ်၊ ၁ ယူရိုငွေကို ၁၂၇၆ ဒသမ ၇၅ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၀၅ ဒသမ ၅၁ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၇၈၄ ဒသမ ၈၆ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၀ ဒသမ ၈၉ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
အကယ်ဒမီရွှေဈေး ကတော့ ၀ယ်ဈေး ၆၆၁၅၀၀ ကျပ် ဖြစ်ပြီး ရောင်းဈေးက ၁၀၀၀ ကျပ်တိတိ ပိုပါတယ်။
ဒီကနေ့ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁၂၄၆ ဒသမ ၄ ဈေးပေါက်ပါတယ်။