နိုင်ငံတကာမာရသွန် အပြေးသမား ၂ သောင်းကျော် ပါဝင်ဆင်နွှဲ

ပထမရရှိသွားတဲ့ အီသီယိုးပီးယား နိုင်ငံသား
735
တရုတ်မြို့တော် ပေကျင်းက နိုင်ငံတကာမာရသွန် ပြေးပွဲကို မနေ့က အပြေးသမား အယောက် ၂ သောင်း ကျော် ပါဝင်ဆင်နွှဲပါတယ်။
[caption id="attachment_68342" align="aligncenter" width="437"]
ပထမရရှိသွားတဲ့ အီသီယိုးပီးယား နိုင်ငံသား[/caption]
အဆင့်လေးဆင့်ရှိတဲ့ သတိပေးမှုစနစ်အရ တတိယအဆင့်အမြင့်ဆုံး ဖြစ်တဲ့ အဝါရောင်အဆင့် သတိပေးချက် ထုတ်ပြန်ရမယ့် မီးခိုးမြူထူတွေကြားမှာ တီယန်နန်မင်ရင်ပြင်ကနေ ငှက်သိုက် အားကစားရုံထိ ၄၂.၂ ကီလိုမီတာ အကွာအဝေးကို မာရသွန်ပြေးတာပါ။
ဒီလေထုအဆင့်ဟာ ကျန်းမာရေး အားနည်းသူတွေ အိမ်ပြင်မထွက်ဖို့နဲ့ ကျန်တဲ့လူတွေ အိမ်ပြင်လှုပ်ရှားမှုတွေ လျော့ချပြီး အပြင်ထွက်ရင်လည်း မျက်နှာဖုံးတွေဝတ်ဖို့ သတိပေးထားပါတယ်။
ပေကျင်းမြို့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ အချက်အလက်အရ လေထုညစ်ညမ်းမှုမှာ အန္တရာယ်အရှိဆုံး အမှုန်သေး PM 2.5 ပါဝင်မှုဟာ ဒေသစံတော်ချိန်မနက် ၈ နာရီမှာ အဆင့် ၃၄၄ ကို ရောက်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ စံချိန်အရ အဆင့် ၃၀၀ ကျော်ရင် ကျန်းမာရေးကို ဆိုးဆိုးရွားရွား ဘေးဖြစ်စေတဲ့ အဆင့်လို့ ပြောထားပါတယ်။
ပေကျင်း နိုင်ငံတကာ မာရသွန်ပြိုင်ပွဲမှာ အီသီယိုးပီးယားနိုင်ငံသား Girmay Birhanu Gebru က ၂ နာရီ၊ ၁၀ မိနစ်၊ ၄၂ စက္ကန့်နဲ့ ပန်းဝင်ပြီး ပထမရရှိသွားပါတယ်။
