ကာတာနှင့်ပွဲ အနိုင်ရအောင် ကြိုးစားသွားမည်ဟု မြန်မာ ယူ၁၉ နည်းပြပြော

မြန်မာယူ၁၉ နည်းပြ (ဓာတ်ပုံ - MFF)
ကာတာနဲ့ပွဲမှာ သေချာပေါက်နိုင်မယ်လို့ မပြောနိုင်ပေမယ့် အသင်းကို အကောင်းဆုံး ပြင်ဆင်ပြီး အနိုင်ရအောင် ကြိုးစားသွားမယ်လို့ မြန်မာယူ ၁၉ နည်းပြဂတ်ဖရိုင်းဇီဇစ်က ပြောကြားလိုက်ပါတယ်။ [caption id="attachment_68322" align="aligncenter" width="418"]မြန်မာယူ၁၉ နည်းပြ (ဓာတ်ပုံ - MFF) မြန်မာယူ၁၉ နည်းပြ (ဓာတ်ပုံ - MFF)[/caption] အသက် ၁၉ နှစ်အောက် အာရှဖလားဘောလုံး ပြိုင်ပွဲရဲ့ အကြိုဗိုလ်လုပွဲအဖြစ် မြန်မာ အသင်းဟာ ကာတာအသင်းနဲ့ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာပါ။ မြန်မာအသင်းနည်းပြဂတ်ဖရိုင်းဇီဇစ်က သေချာပေါက်နိုင်မယ်လို့ မပြောနိုင်ပေမယ့် သူ့အနေနဲ့ အသင်းကို အကောင်းဆုံးပြင်ဆင်ပြီး အနိုင်ရဖို့ ကြိုးစား သွားမယ်လို့ တောင်ဝင်ဂါဒင်းဟိုတယ်မှာ  ဒီနေ့ ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်း လင်းပွဲမှာ ပြောကြားလိုက်တာပါ။ မြန်မာအသင်းအနေနဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ကမ္လာ့ဖလားဝင်ခွင့်ကို ရရှိခဲ့ ပြီဖြစ်တာကြောင့် ကာတာအသင်းကို ရှုံးခဲ့ရင်လည်း ပရိသတ်တွေအနေနဲ့ လူငယ်ကစားသမားလေးတွေကို နားလည်ပေးဖို့လိုတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အတွင်းရေးမှူး ဦးစိုးမိုးက ပြောပါတယ်။ ပြီးခဲ့တဲ့ မြန်မာ ယူ ၁၉ အသင်းနဲ့ ယူအေအီး ယူ ၁၉ အသင်းတို့ ပွဲစဉ်အပြီးမှာ ကွင်းအတွင်းကို ဘောလုံးပရိသတ်တွေ ၀င်ရောက် အောင်ပွဲခံခဲ့တဲ့အတွက် လုံခြုံရေး အားနည်းမှုကို အာရှဘောလုံးအဖွဲ့ချုပ်က သတိပေးထားပြီး စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ အရေယူးခံရဖွယ်လည်း ရှိနေပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်မှာလည်း လုံခြုံရေး အစီအစဉ်တွေ တိုးမြှင့်ပေးဖို့နဲ့ အသင်းတဖွဲ့လုံးရဲ့ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူပေးဖို့ ကာတာအသင်းကလည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုထားပါတယ်။ မြန်မာအသင်းဟာ ကွာတာဖိုင်နယ်အဆင့်မှာ ယူအေအီးကို အနိုင်ရရှိခဲ့တာကြောင့် လာမယ့် ၂၀၁၅ ခုနှစ် နယူးဇီလန် နိုင်ငံမှာကျင်းပမယ့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ခွင့်ရရှိခဲပြီး အခု ဆီးမီးဖိုင်နယ်ပွဲစဉ်ကိုပါ အနိုင်ရခဲ့မယ်ဆိုရင် နောက်ထပ် သမိုင်းဝင်နိုင်ပွဲတခု ဖြစ်လာမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up