ရွေးကောက်ပွဲစနစ် ၈ မျိုး လွှတ်တော်တင်မည်
DVB
·
October 19, 2014
မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်ဟာ မဲများသူနိုင်တဲ့ FPTP စနစ်၊ ပီအာ လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ်နဲ့ အဲ့ဒီ ၂ ခုရောထားတဲ့ စနစ်တခု အပါအ၀င် ရွေးကောက်ပွဲစနစ် ၈ မျိုးကို လာမယ့်အပတ်အတွင်း လွှတ်တော်တင်ဖို့ ရှိတယ်လို့ ကော်မရှင်အဖွဲ့ဝင် ကျောက်ပန်းတောင်းအမတ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
ကျောက်ပန်းတောင်းအမတ် ဒေါက်တာဇော်မြင့်မောင်ကို သူတို့ ကော်မရှင်ကရွေးထားတဲ့ ရွေးကောက်ပွဲ စနစ်တွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။