အစိုးရ၀န်ထမ်းများကို လစာတိုးပေးရန် လန်ဒန်တွင် ဆန္ဒပြ

ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - REX)
အစိုးရအနေနဲ့ ခြိုးခြံချွေတာရေး အစီအစဉ်ကို အဆုံးသတ်ပြီး အစိုးရ၀န်ထမ်းတွေကို လစာတိုးပေးဖို့ အောက်တိုဘက် ၁၈ ရက်နေ့က လန်ဒန်မြို့လယ်တလျှောက်မှာ လူဦးရေ ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။ [caption id="attachment_68302" align="aligncenter" width="437"]ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - REX) ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ - REX)[/caption] ဆန္ဒပြသမားတွေထဲမှာ ကျောင်းဆရာ ဆရာမတွေ၊ သူနာပြုတွေ၊ တခြား အစိုးရ၀န်ထမ်းတွေ၊ မီးရထားဌာန အလုပ်သမားတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေက အလုပ်သမားတွေ ပူးပေါင်းပါဝင်ကြပါတယ်။ အစိုးရရဲ့ ခြိုးခြံချွေတာရေး အစိအစဉ်ကြောင့် ဒုက္ခရောက်သူတွေဟာ အစိုးရ၀န်ထမ်းတွေ မဖြစ်သင့်ဘူးလို့ အလုပ်သမားသမဂအထွေထွေအတွင်းရေးမှူး ဒေ့ဗ် ပရန်တစ် Dave Prentis က ပြောပါတယ်။ “လစာနည်းတဲ့ အလုပ်သမားတွေဟာ သူဌေးတွေနဲ့ သြဇာကြီးတဲ့လူတွေက လုပ်သမျှ ခံနေရတယ်။ လစာနည်းအလုပ်သမားတွေဟာ ဘဏ်တွေ အကျပ်အတည်းတွေ့အောင် လုပ်တဲ့လူ၊ စီးပွားရေး ကပ်ဆိုက်အောင် လုပ်တဲ့လူတွေ မဟုတ်ဘဲနဲ့ ပြဿ   နာ ဖြစ်လာတဲ့အခါ ပေးဆပ်နေရတယ်။”

More News
Up