ဘရာဇီးနိုင်ငံ၏ အမြင့်ဆုံး မိုးမျှော်အဆောက်အဦပေါ် အပြေးပြိုင်ပွဲ

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့ရဲ့ အမြင့်ဆုံး မိုးမျှော်အဆောက်အဦပေါ် အပြေးပြိုင်တဲ့ ပွဲကို အောက်တိုဘာ ၁၈ ရက်နေ့ မနက် ၈ နာရီခွဲက ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲမှာ အပျော်တမ်းအဆင့်နဲ့ ကျွမ်းကျင်အဆင့်ဆိုပြီး ခွဲထားသလို၊ အသက်အရွယ်အလိုက်လည်း လေးမျိုး ခွဲပြီး ကျင်းပခဲ့တာပါ။ brazilကျွမ်းကျင်အဆင့်မှာ ၀င်ပြိုင်သူတွေဟာ အထက် ၃၀ ရှိတဲ့ အဆောက်အဦရဲ့ ထိပ်ဆုံးက ရဟတ်ယာဉ်ကွင်းအထိ ပြိုင်ရပြီး အပျော်တမ်းအဆင့်ကတော့ ကိုးလွှာ အကျောပေးပြီး အပြန်မှာတော့ ဓာတ်လှေခါးစီးခွင့် ပြုထားပါတယ်။ ပြိုင်ပွဲဝင်သူတွေက မိုးမျှော်တိုက်ပေါ် ပြေးတက်ရတဲ့ ပြိုင်ပွဲဟာ ထင်ထားတာထက် ပိုပြီး ခက်ခဲတယ်လို့ ၀န်ခံပြောဆိုကြပါတယ်။ ကျွမ်းကျင်အဆင့် ပြိုင်ပွဲမှာ ဂျာမနီ၊ ဘယ်လ်ဂျီယန်၊ အီတလီ၊ သြစတြေးလျနဲ့ ပိုလန်တို့က နာမည်ကျော် ကစားသမားတွေလည်း ၀င်ပြိုင်ခဲ့ကြပါတယ်။ ဒီလို မိုးမျှော်အဆောက်အဦပေါ် အပြေးပြိုင်ပွဲတွေကို နယူးယော့ခ်၊ တိုင်ပေနဲ့ ပါရီတို့မှာလည်း ကျင်းပပါတယ်။ ဟောင်ကောင်မှာလည်း ဒီနှစ်နှောင်းပိုင်း ကျင်းပမှာ ဖြစ်ပါတယ်။

More News
Up