ပထမဆုံး အမျိုးသမီးပါတီ တည်ထောင်ခွင့်လျှောက် - မေးမြန်းချက်
DVB
·
October 19, 2014
မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီးပါတီကို ထူထောင်ဖို့ မွန်အမျိုးသမီးအဖွဲ့တွေက ကြိုးစားနေပါတယ်။ မွန်အမျိုးသမီးတွေ ၁၅ ဦး ကော်မီတီနဲ့ ပါတီထူထောင်ခွင့်ရဖို့ အောက်တိုလဘာလ ၁၄ ရက်နေ့က ပါတီထူထောင်ခွင့် လျှောက်ထားလိုက်ပါတယ်။
အမျိုးသမီးတွေ တန်းတူ နေရာရဖို့အတွက် လုပ်ဆောင်သွားမယ်လို့ လက်ရှိ ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဒေါ်သန်းရှင်က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မိလယိုင်မွန် (ခေါ်) မိသန်းရှင်ကို နော်နိုရင်းက ဆက်သွယ်မေးမြန်းထားပါတယ်။