မက္ကဆီကိုကျောင်းသားများ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ဒုစရိုက်ခေါင်းဆောင်ကို ဖမ်းဆီး

မက္ကဆီကိုမှာ ပျောက်ဆုံးနေတဲ့ ကျောင်းသား ၄၃ ယောက်ကို သတ်ဖြတ်မှုမှာ ရဲတွေနဲ့ ပူးပေါင်းကြံစည်သူလို့ သံသယရှိနေတဲ့ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို ရဲအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ 1413600640644_wps_50_Attorney_s_General_officeဂါရီယို Guerrero ပြည်နယ် အိုင်ဂွာလာမြို့မှာ စက်တင်ဘာ ၂၆ ရက်နေ့က ရဲတွေနဲ့ မျက်နှာဖုံးဝတ်အမျိုး သားတွေ ပဋိပက္ခဖြစ် ပြီးနောက် ကျောင်း သားတွေဟာ မသင်္ကာမှုနဲ့ အဖမ်းခံရပြီးကတည်းက ပျောက်ဆုံးနေခဲ့တာပါ။ ဒီအဖြစ်အပျက်ကို ဖော်ထုတ်ပေးဖို့ အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ကမ်းခြေမြို့ အက္ကာပေါ်ကို (Acapulco) မြို့မှာ လူထောင်နဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒီအမှုမှာ ဒေသအခေါ် ဂါရီယိုယူနီ ဒေါ့စ် (Guerreros Unidos) ဒုစရိုက် အဖွဲ့နဲ့ ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲခံရတဲ့ ရဲအရာရှိ ၃၆ ယောက်နဲ့ ဒုစရိုက်ဂိုဏ်းအဖွဲ့ ခေါင်းဆောင်အပါအ၀င် အဖွဲ့ဝင် ၁၇ ယောက်ကို ဖမ်းဆိးထားတယ်လို့ အစိုးရ ရှေ့နေချုပ်က ပြောပါတယ်။ အမှန်က ဂိုဏ်းခေါင်းဆောင်ကို လွန်ခဲ့တဲ့ ၆ လကတည်းက ဖမ်းဆီးခဲ့ပြီး ဖြစ်ပေမယ့် ညီအစ်ကိုတော်သူတယောက်က ခေါင်းဆောင်နေရာမှာ ဆက်ခံထားလို့ သူ့ကိုလည်းအောက်တိုဘာ ၁၇ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ပြောပါတယ်။ ဒုစရိုက်အဖွဲ့ဟာ နာမည်ဆိုးနဲ့ ကျော်ကြားသလို လူသေအလောင်းတွေ အစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့ ကျင်းတွေကို တွေ့ရတဲ့အတွက် သူတို့ကို ဖမ်းဖို့ အကြောင်းဖြစ်လာတယ်လို့လည်း ရှေ့နေချုပ်က ရှင်းပြပါတယ်။ အဲဒီ ကျင်းတွေထဲမှာ တွေ့ရတဲ့ အလောင်းတွေဟာ ပျောက်ဆုံးနေတဲ့ ကျောင်းသားတွေတော့ မဟုတ်ဘူးလို့ အရာရှိတွေက ပြောထားပါတယ်။ လက်ရှိ မက္ကဆီကို သမ္မတက တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ပါ့မယ်ဆိုပြီး ကတိပေးထားတဲ့ကြားက အခု အဖြစ်အပျက်ကြောင့် အစိုးရအတွက် မျက်နှာပျက်စရာ ဖြစ်နေပါတယ်။ အရင်အစိုးရလက်ထက်က မူးယစ်ဆေးဝါးကိစ္စနဲ့ နွယ်တဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပြီး ၂၀၀၇ ခုနှစ် နောက်ပိုင်း လူ ၁ သိန်းအထိ သေဆုံးခဲ့ပါတယ်။

More News
Up