စစ်သွေးကြွချေမှုန်းရေး ဗြိတိသျှက ကာ့ဒ်တပ်ဖွဲ့ကို သင်တန်းပေး

အစ္စလာမ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေကို စစ်ဆင်ရေး တစိတ်တပိုင်းအဖြစ် ဗြိတိသျှစစ်သင်တန်းမှူးတွေက ကာ့ဒ်လူမျိုး ပက်ရှ်မာဂါ တပ်ဖွဲ့ Peshmerga တွေကို စစ်သင်တန်း ပေးနေပါတယ်။ [caption id="attachment_68259" align="aligncenter" width="443"]storage.canoe.ca သင်တန်းပေးနေစဉ်[/caption] ကာ့ဒ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ အီရတ်မြောက်ပိုင်းက အာဘေး (Arbil) မြို့မှာ လက်နက်ကြီး ပစ်ခတ်နည်း သင်တန်းပေးနေတာပါ။ ဗြိတိသျှ ကာကွယ်ရေး ၀န်ကြီးဌာနက သင်တန်းမှူးတွေကို အာဘေးမြို့မှာ တပတ်ကြာ ပို့ထားပြီး L1A1 12.7mm စက်သေနတ် ပစ်ခတ်နည်း သင်တန်းပေးနေတယ်လို့ ဆိုပါတယ်။ ဒေသသတင်းတွေအရ သင်တန်းပေးတဲ့အဖွဲ့မှာ ၁၂ ယောက်ပါတယ်လို့ ဆိုပါတယ်။ ဗြိတိသျှ သင်တန်းမှူးတွေက ကာ့ဒ် တပ်ဖွဲ့တွေကို သင်တန်းပေးနေတာဟာ အိုက်အက်စစ်သွေးကြွတွေကို နှိမ်နင်းဖို့အတွက် အနောက်နိုင်ငံတွေ အကူအညီပေးနေတာတွေထဲက တခုဖြစ်ပါတယ်။ အစွမ်းထက်တဲ့ စက်သေနတ်တွေဟာ ကာ့ဒ်တပ်ဖွဲ့တွေကို ရန်သူထက် အင်အားကောင်းစေလိမ့်မယ်လို့ ဗြိတိန်သင်တန်းမှူးတွေက ပြောပါတယ်။ ဗြိတိန်ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က အမေရိကန်က အီရတ်မြေပေါ် ချီတက်တိုက်ခိုက်တဲ့အချိန်က မဟာမိတ်ဖြစ်ခဲ့ပေမယ့် အခု စစ်ဆင်ရေးမှာတော့ အမေရိကန်က စစ်ဆင်ရေးတွေ စတင်ပြီး နှစ်လနီးပါးကြာတော့မှ ၀င်ပါလာတာဖြစ်ပါတယ်။ အခုအထိ ဗြိတိန်က အခုလို သင်တန်းမှူးတွေအပြင် စက်သေနတ် အလက် ၄၀ ကိုလည်း ကာ့ဒ် တပ်ဖွဲ့တွေကို ထောက်ပံ့ပေးထားပါတယ်။ ကာ့ဒ်တပ်ဖွဲ့တွေကတော့ အိုက်အက်စ်အဖွဲ့ကို ချေမှုန်းဖို့အတွက် လက်နက်ကြီးတွေအပြင်၊ တင့်ကားတွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေလည်း လိုတယ်လို့ ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up