မက္ကဆီကို ကျောင်းသား ၄၀ ကျော်ပျောက်ဆုံးမှု အဖြေရှာပေးရန် လူထောင်ချီ ဆန္ဒပြ

1.3K
မက္ကဆီကိုမှာ ကျောင်းသား ၄၃ ယောက် ပျောက်ဆုံးနေတဲ့ ကိစ္စကို အဖြေရှာပေးဖို့ လူထောင်နဲ့ ချီပြီး အက္ကာပေါ်ကို Acapulco မြို့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
ကျောင်းသားတွေကို ရဲအဖွဲ့နဲ့ လူဆိုးဂိုဏ်းတွေက သတ်ဖြတ်ပြီး အစဖျောက်လိုက်မှာကို စိုးရိမ်နေကြတာပါ။
ကျောင်းသားတွေဟာ စက်တင်ဘာ ၂၆ ရက်နေ့က အနောက်တောင်ပိုင်း ပြည်နယ် ဂါရေးရိုမြို့မှာ ရဲတွေနဲ့ မျက်နှာဖုံးဝတ်ထားတဲ့လူတွေ အဓိကရုဏ်းဖြစ်ပြီးနောက် အဖမ်းခံခဲ့ရပြီးကတည်းက ပျောက်ဆုံးနေတာပါ။
နောက်ပိုင်းမှာ အဲဒီမြို့နားက တောင်ပေါ်ဒေသတခုမှာ လူတွေ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ကျင်းတွေကို တွေ့ခဲ့ပေမယ့် အလောင်း ၂၈ လောင်းထဲမှာ ကျောင်းသားအလောင်းတွေ မပါဘူးလို့လည်း အရာရှိတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ သံသယရှိတဲ့အတွက် ရဲ အရာရှိ ၃၆ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။
