ဖိလစ်ပိုင် စစ်သွေးကြွအဖွဲ့က ဖမ်းထားသည့် ဂျာမနီနိုင်ငံသား ၂ ဦး ပြန်လွတ်

ဖိလစ်ပိုင်မှာ အဘူဆာရက်ဖ် စစ်သွေးကြွတွေ ပြန်ပေးဆွဲထားတဲ့ ဂျာမနီနိုင်ငံသား ၂ ဦးလုံး မနေ့က ပြန်လွတ်လာတယ်လို့ ရဲတပ်ဖွဲ့ အကြီးတန်း အရာရှိတဦးက ပြောပါတယ်။ _77800966_77800965အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ အဘူဆာရက်ဖ် အုပ်စုက ဂျာမနီနိုင်ငံသား ၂ ဦးကို အောက်တိုဘာ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ပြန်မရွေးရင် ခေါင်းဖြတ် သတ်မယ်လို့ အစောပိုင်းက ခြိမ်းခြောက်ခဲ့တာပါ။ စစ်သွေးကြွအုပ်စုက ဂျာမနီနိုင်ငံသား ၂ ဦးကို ဧပြီလက ပင်လယ်ပြင်မှာ ဖမ်းဆီးခဲ့ပြီး မနီလာရဲ့ တောင်ပိုင်း မိုင် ၉၆၀ အကွာမှာ တည်ရှိတဲ့ ဂျိုလိုကျွန်း တောနက်ထဲမှာ ပြန်ပေးဆွဲထားတာပါ။ ဂျာမနီနိုင်ငံသား ၂ ဦး ပြန်လွှတ်ပေးလိုက်တာကို အဘူဆာရက်ဖ် အုပ်စုရဲ့ ပြောခွင့်ရသူက Zamboanga City မြို့ အခြေစိုက် ရေဒီယိုဌာနကို တယ်လီဖုန်းဆက်ပြီး ပြောကြားခဲ့ပြီး ရဲအရာရှိတဦးကလည်း အတည်ပြုပါတယ်။ ၂ ဦးလုံး ဘေးကင်းလုံခြုံစွာနဲ့ စစ်စခန်းတခုမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ဂျာမနီနိုင်ငံသား ၂ ဦးကို ဒေါ်လာ ၅ ဒသမ ၆ သန်းနဲ့ ပြန်ရွေးဖို့နဲ့ ဆီရီးယားမှာ အမေရိကန် ဦးဆောင်ပြီး အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုက်အက်စ်အကြမ်းဖက်အဖွဲ့ကို  လေကြောင်းတိုက်ခိုက်နေတာတွေကို ဂျာမနီက မကူညီဖို့ တောင်းဆိုထားပါတယ်။ အဘူဆာရက်ဖ် အုပ်စုရဲ့ ပြောခွင့်ရသူက သူတို့ တောင်းဆိုချက်တွေ အပြည့်အ၀ ရှိတယ်လို့ ပြောပါတယ်။ ဂျာမနီနိုင်ငံသား ၂ ဦးကို သူပုန်တွေ လက်ကနေ ကယ်တင်နိုင်ဖို့ ဂျာမန် နိုင်ငံခြားရေး ၀န်ကြီးက အထူးကိုယ်စားလှယ်တယောက်ကို စေလွှတ်ပြီး ညှိနှိုင်းစေခဲ့တာဖြစ်ပါတယ်။ အဘူဆာရက်ဖ် အုပ်စုဟာ ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ ဗုံးခွဲမှုတွေကို ကျူးလွန်ခဲ့တဲ့ မှတ်တမ်း ရှိပါတယ်။ ၂၀၀၀ ခုနှစ်မှာ မလေးရှားနိုင်ငံအနီး ကမ်းခြေတခုကနေ တိုးရစ်နဲ့ အလုပ်သမား ၂၁ ယောက်ကို ပြန်ပေးဆွဲမှုနဲ့ ကျော်ကြားလာတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up