စစ်တမ်းအရ ဂျပန်ကားများကို အကြိုက်များ
DVB
·
October 17, 2014
မြန်မာနိုင်ငံသားတွေဟာ ဂျပန်နိုင်ငံထုတ် တိုယိုတာကားအမျိုးအစားကို အကြိုက်နှစ်သက်ဆုံး ဖြစ်တယ်လို့ အွန်လိုင်းမော်တော်ယာဉ် ရောင်းဝယ်ရေး Motor.com ရဲ့ စစ်တမ်းကောက်ယူ သုတေသန ပြု ဖော်ပြချက်အရ သိရပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ ၅၃ ရာခိုင်နှုန်းဟာ တိုယိုတာကားကို အကြိုက်ဆုံး ဖြစ်ပြီး ၁၁ ရာခိုင်နှုန်းက ဟွန်ဒါအမျိုးအစား ကားကို အကြိုက်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
၈ ရာခိုင်နှုန်းက ဂျပန်နိုင်ငံထုတ် နစ်ဆန်းကားကို အကြိုက်ဆုံးဖြစ်ပြီး ကိုရီးယားထုတ် ဟွန်ဒိုင်းကားတွေကိုတော့ ကြိုက်နှစ်သက်သူ ၇ ရာခိုင်နှုန်းနဲ့ စတုတ္တအဆင့်နေရာမှာ ဖော်ပြထားပါတယ်။
Motor.com ဟာ ပြည်တွင်းက တဦးချင်း ကားရောင်းဝယ်သူတွေနဲ့ ကားအရောင်းပြခန်းတွေကို ချိတ်ဆက်ပြီး ဒီ စစ်တမ်း ကောက်ယူထားတယ်လို့ ဖော်ပြထားပါတယ်။
စစ်တမ်းအရ မြန်မာနိုင်ငံသားတွေဟာ ဂျပန်ကားတွေကို ကြိုက်သူ ၈၅ ရာခိုင်နှုန်း ရှိပြီး တောင်ကိုရီးယားကားတွေကို ကြိုက်သူက ၁၀ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။