နာမည်ကြီး ပြိုင်ကားမောင်းသမား အလွန်ဆို အသင်းကို စွန့်ခွာတော့မည်

784
ဖာရာရီကားကို မောင်းနှင်တဲ့ ဖော်မြူလာဝမ်း ပြိုင်ကား သမား ဖာနန်ဒို အလွန်ဆိုက ဖာရာရီအသင်းကို စွန့်ခွာတော့မယ်လို့ ကုမ္ပဏီ ဥက္ကဋ္ဌဟောင်း လူကာ ဒီမွန်တီဇီမိုလိုက အတည်ပြုပြောပါတယ်။
ဝန်းကျင်သစ်ကို ရှာဖွေဖို့အတွက် ဖြစ်တယ်လို့ သူက ပြောပါတယ်။
အသက် ၃၃ နှစ်အရွယ် အလွန်ဆိုက အသင်းကနေ ဒီနွေရာသီမှာ ထွက်ခွာဖို့ တောင်းဆိုခဲ့ပါတယ်။
အလွန်ဆိုရဲ့ ထွက်ခွာမှုဟာ ဖော်မြူလာဝမ်းလောကမှာ လူတိုင်းသိနေတဲ့ လျှို့ဝှက်ချက်ဖြစ်ပေမယ့် အသင်းက အခုထိ မကြေညာသေးပါဘူး။
သူရဲ့နေရာမှာ ဆီဘက်စတိန်းဗက်တဲလ်ကို အစားထိုးဖို့လည်း ရှိနေပါတယ်။ ၂၀၁၀ ကတည်းက အလွန်ဆိုဟာ ဖာရာရီကားကို မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။
