ပါလက်စတိုင်းဆန္ဒပြသူများနှင့် အစ္စရေးတပ် အခြေအနေတင်းမာ

ပါလက်စတိုင်းဆန္ဒပြသမားတွေနဲ့ အစ္စရေးနယ်ခြားစောင့်ရဲအဖွဲ့တို့ ဂျေရုစလင်မြို့ ဟောင်းမှာ ထိပ်တိုက်တွေ့နေတာ ၃ ရက်ရှိပြီဖြစ်ပြီး အခြေအနေ တင်းမာနေပါတယ်။ အစ္စရေးအစိုးရက ဂျေရုစလင်အရှေ့ပိုင်းမှာ ရှိတဲ့ အယ်လ် အက်ဆာ (Al-Aqsa)ဗလီကို လုံခြုံရေးတင်းကျပ်ထားတဲ့အတွက် အခြေအနေတွေ တင်းမာနေတာပါ။ Israeli-police-officers-u-015ဂျေရုစလင်မြို့ဟောင်းထဲက အယ်လ် အက်ဆာ ဗလီဝတ်ကျောင်းတော်ကို ဂျူးတွေနဲ့ မွတ်စလင်တွေကပါ အထွတ်အမြတ်ထားကြတာပါ။ ဒါပေမယ့် အစ္စရေးအစိုးရက ပါလက်စတိုင်းလူမျိုးတွေထဲက အသက် ၁၅ နှစ်အောက်တွေကို နေ့ခင်းဝတ်ပြုချိန်မှာ ဗလီဝင်းထဲ ၀င်ခွင့်မပြုတဲ့အတွက် ဆုတောင်းလာသူတွေ  ဒေါသထွက်ပြီး ထိပ်တိုက်တွေ့နေတာပါ။ Israeli-mounted-policeman-022ဂျူးအခြေချသူတွေကို  ၀င်ခွင့်ပေးပြီး ပါလက်စတိုင်းတွေကို ၀င်ခွင့်မပေးတာကို စော်ကားမှုနဲ့ ရန်စမှုအဖြစ် ပါလက်စတိုင်းတွေက မြင်နေကြပါတယ်။ ပါလက်စတိုင်းတွေကို ရဲအဖွဲ့က ဗလီဝင်ပေါက်ကနေ ဝေးရာကို အတင်း နှင်ထုတ်ခံ ရပေမယ့် သူတို့က လက်မလျော့ဘဲ ၀င်ခွင့်ရဖို့ ဆက်ကြိုးစားနေကြတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့မှာလည်း ရဲက လူအုပ်ကြီးကို လူစုခွဲဖို့ ကြိုးစာတဲ့အချိန်မှာပဲ ရာနဲ့ချီတဲ့ ပါလက်စတိုင်းတွေက ဗလီဝင်းထဲကို ရောက်သွားကြပြီး  ဂျူးအခြေချသူတွေကို ဗလီထဲ ၀င်ခွင့်မပြုမှ၊ မွတ်စလင်တွေကို လွတ်လွတ်လပ်လပ် ၀တ်ပြုခွင့်ပြုမှ ဗလီဝင်းထဲကနေ ပြန်ထွက်မယ်လို့ ဆိုနေကြပါတယ်။ အခု တင်းမာမှုတွေဖြစ်နေတဲ့ နယ်မြေကို ဂျူးတွေက သူတို့ရဲ့ တိုရာကျမ်းလာ ၀တ်ကျောင်းတော်တွေ တည်ရှိခဲ့တဲ့ သာသနာ့နယ်မြေအဖြစ် ယုံကြည်နေကြသလို၊ မွတ်စလင်တွေဘက်ကလည်း အစ္စလာမ်သာသနာမှာ အမြင့်မြတ်ဆုံးသာသနာနယ်မြေအဖြစ် အယ်လ် အက်ဆာ ဗလီဝတ်ကျောင်းတော်ကို ကြည်ညိုကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up