ဘောလုံးပွဲဝင်ကြေး မြင့်တက်မှု ပြန်သုံးသပ်ရန် ဗြိတိန်အစိုးရတောင်းဆို

ဗြိတိန် ဘောလုံးပြိုင်ပွဲ ကွင်းဝင်ကြေး လက်မှတ်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ဗြိတိန် အစိုးရက စိုးရိမ်ပူပန်နေပြီး ကလပ်အသင်းတွေအနေနဲ့ လက်မှတ်ဈေးနှုန်းတွေကို ပြန်သုံးသပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ Arsenal-fans၂၀၁၁ ခုနှစ်ကတည်းက စတင်ပြီး ၂ ဆနီးပါးမြင့်တက်လာတဲ့ လက်မှတ်ဈေးနှုန်းကြောင့် စိုးရိမ်ပူပန်နေတဲ့အကြောင်း ဗြိတိန် အားကစား ၀န်ကြီး ဟယ်လန်ဂရင့်က ပြောဆိုပါတယ်။ ပရီးမီးယားလိဂ်ကို မိသားစု ၄ ဦးသွားကြည့်မယ်ဆိုရင် ဆီခ၊ ကားရပ်နားခ၊ မုန့်နဲ့ စားစရာတွေမပါ ပေါင် ၁၃၀ လောက်ကျမှာ ဖြစ်သလို တချို့  မိသားစုတွေ မတတ်နိုင်တဲ့အတွက် ကလပ်တွေက ပြန်လည်သုံးသပ်ဖို့ သူက တောင်းဆိုလိုက်ပါတယ်။ ဒီနှစ်မှာ လက်မှတ်ဈေးတွေ တက်လာတာဟာ ပရိသတ်တွေရဲ့ ခံစားချက်ကို ဆိုးဆိုးဝါးဝါးဖြစ်စေတယ်လို့ အာဆယ်နယ်ကို ယုံကြည် ထောက်ခံသူများ အဖွဲ့ရဲ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပရီးမီးယားလိဂ်မှာတော့ အာဆင်နယ်အသင်းဟာ လတ်မှတ်တ စောင်ကို ပေါင် ၉၇ နဲ့ ဈေးနှုန်း အများဆုံးဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်ကနေ လိဂ်တူးအထိ ဈေးအချိုဆုံး ပျမ်းမျှ လတ်မှတ်ဈေးနှုန်းက ပေါင် ၂၁ ပေါင် ကျော်ရှိနေ သလို ၂၀၁၁ ခုနှစ်မှာ ၁၃ ရာခိုင်နှုန်းနဲ့ တနှစ်ပြီးတနှစ် ၄.၄ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

More News
Up